25 C
Yangon

ကရင်နယ်ခြားစောင့်တပ်- BGF နှင့် စစ်ကောင်စီတို့၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအပေါ် APHR အကြီးအကျယ် စိတ်ပျက်ကြောင်း ထုတ်ပြန်

Must read

ကရင်နယ်ခြားစောင့်တပ်- BGF နှင့် စစ်ကောင်စီတို့၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအပေါ် APHR အကြီးအကျယ် စိတ်ပျက်ကြောင်း ထုတ်ပြန်

ရန်ကုန်၊ မေ ၂၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ နိုင်ငံတကာရာဇဝတ်မှုများနှင့် ဆက်စပ်ဒေသတွင်း ရာဇဝတ်ကွန်ရက်များတွင် စောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်၊ စစ်ကောင်စီနှင့် ဒေသတွင်းနိုင်ငံတချို့မှ နိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း Justice for Myanmar က ပြီးခဲ့သည့်ရက်ပိုင်းတွင်းက ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ခဲ့အပြီး၊ အဆိုပါအစီရင်ခံစာတွင် ထုတ်ဖော်ထားသည့် ရာဇဝတ်ကွန်ရက်များတွင် ပါဝင်နေသူများအပေါ် အကြီးအကျယ် စိတ်ပျက်မိကြောင်း အာဆီယံလူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR) က မေလ ၂၂ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

APHR အဖွဲ့ဝင် ဖီလစ်ပိုင်လွှတ်တော်အမတ် Raoul Danniel Abellar Manuel က ” Justice for Myanmar ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်ကြောင့် ကျွန်တော်တို့ အရမ်းကို စိတ်ပျက်ရပါတယ်။ ဆိုက်ဘာလိမ်လည်ရေး စခန်းတွေ၊ တရားမဝင်ကာစီနိုတွေနဲ့ ကရင် BGFနဲ့ ဆက်နွယ်နေတဲ့ တရားမဝင် အွန်လိုင်းလောင်းကစားတွေဟာ ဒေသအတွင်းအပြင်မှာ မရမတွက်နိုင်အောင် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေတယ်” ဟုဆိုလိုက်သည်။

ထို့အပြင် “တကယ့်ကိုဆိုးရွားလှတာက တရားမဝင် စစ်ကောင်စီဟာ ဒီလို ယုတ်မာတဲ့ စီးပွားရေးလုပ်ငန်းတွေကတဆင့် ရရှိတဲ့ ရံပုံငွေတွေကို မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အသုံးချနေတာဖြစ်ပြီး၊ အရှေ့တောင်အာရှတဝှမ်းက အာဏာပိုင်တွေအနေနဲ့ အဲဒီလုပ်ငန်းတွေကို ပိတ်ပစ်ဖို့ ခိုင်မာတဲ့ အရေးယူမှုတွေ လုပ်ရမှာဖြစ်တယ်” ဟု ၄င်းက ထောက်ပြပြောဆိုသည်။

ယမန်လက ကရင်အမျိုးသားတပ်မတော် (KNA) ဟု နံမည်ပြောင်းလဲခဲ့သည့် စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် (BGF) သည် မြန်မာစစ်တပ်အောက်ခံအဖြစ် အချိန်အတော်ကြာ လက်တွဲခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု များအတွက် နာမည်ဆိုးနှင့် ကျော်ကြားနေသည့် အဖွဲ့အစည်းဖြစ်သည်။

မြန်မာစစ်တပ်နှင့် ပူးပေါင်းမှုမှတဆင့် ကရင် BGF အဖွဲ့သည် ကရင်ပြည်နယ်ထဲမှ နယ်မြေအချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ BGF ပါဝင်ပတ်သက်နေသော တရားမဝင် ကာစီနိုလောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုကွန်ရက်များကြောင့် ကမ္ဘာတဝှမ်းမှ လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ ၄င်းတို့သည် ရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံရခြင်း ရှိနေသည့်အပြင် အမြတ်ထုတ်ခံရသည့် အလုပ်သမားများနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းများအား လည်ပတ်နေကြောင်း JFM ၏အစီရင်ခံစာအပေါ် အခြေခံပြီး APHR ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အများပြည်သူလက်လှမ်းမှီသည့် အချက်အလက်တွေနှင့် အခြားအရင်းအမြစ်များကို အသုံးပြုပြီး Justice for Myanmar က ကရင်နယ်ခြားစောင့်တပ်၏ ရာဇဝတ်လုပ်ငန်းစုများနှင့် ၎င်း၏ ရာဇဝတ်မှု စီးပွားရေးကွန်ရက်ထဲတွင် အဓိကပါဝင်ပတ်သက်နေသူတွေကို စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံကနေ ဖိလစ်ပိုင်အထိ ပျံ့နှံ့နေတဲ့ ဒီရာဇ၀တ်မှုကွန်ရက်ထဲမှာ မလေးရှားနဲ့ ထိုင်းနိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံသူတွေအဖြစ် ပါဝင်ကြောင်း ဖော်ထုတ်ခံရတာကို အထူးစိုးရိမ်မိပါတယ်။ မလေးရှားနဲ့ ထိုင်းနိုင်ငံက လွှတ်တော်အမတ်တွေက အစီရင်ခံစာထဲမှာ ဖော်ပြခံထားရတဲ့ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းပါတယ်”ဟု ဖိလစ်ပိုင်အမတ် Manuel က ပြောသည်။

တဆက်တည်းတွင်ပင် “အဆိုပါ (မလေးရှားနဲ့ ထိုင်း) နှစ်နိုင်ငံက အာဏာပိုင်တွေအပါအဝင် ဒေသတွင်း တခြားနိုင်ငံတွေအနေနဲ့လည်း လူသတ်စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်ကျူးလွန်ကြောင်း သက်သေပြခံထားရတဲ့သူတွေနဲ့ ပတ်သက်ပြီး၊ ထိုသို့ကျူးလွန်တဲ့ ၄င်းတို့ရဲ့ သက်ဆိုင်ရာနိုင်ငံသားတွေကို အရေးယူပေးဖို့” အတွက် Raoul Manuel က APHR ရဲ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းတောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article