25 C
Yangon

ကျိုက်မရောမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ကျိုက်မရောမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။

မေလ ၂၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ဂဠုန်စစ်ကြောင်းနှင့် မွန်ပြည်နယ် လွတ်မြောက်ရေး တပ်တော် (MLA) ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များ ကျိုက်မရောမြို့နယ်အတွင်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ပူးပေါင်း မဟာမိတ်တပ်များ စစ်ဆေးရေး ပြုလုပ်နေသည့် နေရာများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကျိုက်မရော အခြေစိုက် ခမရ ၂၀၈ တပ်ရင်းမှ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ၆၀ မမ လက်နက်ကြီးဖြင့် ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ၁၀၅ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနီးရှိ ပြည်သူပိုင် နေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒါဏ်ရာ ရရှိကာ တော်လှန်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article