25 C
Yangon

ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းပြီးနောက် စစ်တပ်က မီးမလောင်သည့် ဆိုင်များကိုပါ ဖယ်ရှား ရှင်းလင်းမည်ကို ဆိုင်ခန်း ပိုင်ရှင်များ စိတ်ပူနေ

Must read

ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းပြီးနောက် စစ်တပ်က မီးမလောင်သည့် ဆိုင်များကိုပါ ဖယ်ရှား ရှင်းလင်းမည်ကို ဆိုင်ခန်း ပိုင်ရှင်များ စိတ်ပူနေ

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းပြီးနောက် စစ်တပ်က မီးမလောင်သည့် ဆိုင်များကိုပါ ဖယ်ရှား ရှင်းလင်းမည်ကို စိတ်ပူနေကြောင်း ဆိုင်ခန်း ပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး KMD Computer၊ မိုဘိုင်းဖုန်းဆိုင်၊ မျက်မှန်ဆိုင်များ အပါအဝင် ဆိုင်ခန်း‌ပေါင်း ၈ ခန်းကျော် မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။

“ကျောက်ဆည်မြို့လယ်က မီးရထားဘူတာပိုင်မြေပေါ်မှာ ဆောက်ထားတဲ့ ဆိုင်ခန်းတွေ ညကမီးလောင်တယ်။ မီးလောင်ကျွမ်းမှုကိုအကြောင်းရှာပြီး ကျန်ဆိုင်ခန်းတွေကို စစ်ကောင်စီက ဖယ်ရှား ရှင်းလင်းမှာကို ဆိုင်ခန်းပိုင်ရှင်တွေက စိုးရိမ် ပူပန်နေတာ”ဟု ဆိုင်ခန်းရှင် တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဘူတာတိုက်ခန်းရှိ ဆိုင်ခန်းများမှာ ၁၉၉၂ / ၉၃ ခုနှစ်ဝန်းကျင်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၈၀ ဝန်းကျင်ရှိကြောင်း၊ မီးလောင်ကျွမ်းမှု အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article