25 C
Yangon

မတ္တရာမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်

Must read

မတ္တရာမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

မေလ ၁၁ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာမှ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဆိပ်သာကျေးရွာအနီး၌ ပြင်ဦးလွင် ခရိုင်တပ်ရင်း ၁ ၊ မတ္တရာမြို့နယ် တိုက်နယ် ၃ ပကဖ၊ မတ္တရာမြို့နယ် တိုက်နယ် ၄ ပကဖ တို့က မိုင်း ၁ဝ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၆ ရက်နေ့တွင် မတ္တရာမြို့နယ်၊ တံငါ (တောင်) ကျေးရွာရှိ ပြည်သူပိုင် နေအိမ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးခန့်ကို မတ္တရာမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့နှင့် မတ္တရာမြို့နယ် ပကဖ တို့က ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article