26 C
Yangon

ဘဏ္ဍာရေးဒုဝန်ကြီး မောင်မောင်ဝင်းနှင့် စစ်ကောင်စီရုံး ဝန်ကြီး အောင်နိုင်ဦးတို့ အနားပေးခံရ၊ စစ်အာဏာသိမ်းချိန်တွင် မင်းအောင်လှိုင်၏ ဩဇာခံ၍ ဝန်ကြီးနှင့်ဒုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးခံခဲ့ရသော စစ်အရာရှိဟောင်းများဖြစ်

Must read

ဘဏ္ဍာရေးဒုဝန်ကြီး မောင်မောင်ဝင်းနှင့် စစ်ကောင်စီရုံး ဝန်ကြီး အောင်နိုင်ဦးတို့ အနားပေးခံရ၊ စစ်အာဏာသိမ်းချိန်တွင် မင်းအောင်လှိုင်၏ ဩဇာခံ၍ ဝန်ကြီးနှင့်ဒုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးခံခဲ့ရသော စစ်အရာရှိဟောင်းများဖြစ်

ရန်ကုန်၊ မေ ၂၇

အကြမ်းဖက်စစ်ကောင်စီက ဘဏ္ဍာရေးဒုဝန်ကြီး မောင်မောင်ဝင်းနှင့် စစ်ကောင်စီရုံး ဝန်ကြီး အောင်နိုင်ဦးတို့ကို အနားပေးလိုက်ကြောင်း ယနေ့ ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဒုဝန်ကြီး မောင်မောင်ဝင်းနှင့် စစ်ကောင်စီရုံး ဝန်ကြီး အောင်နိုင်ဦးတို့မှာ NLD လက်ထက်တွင် ဒုဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် တာဝန်ထမ်းခဲ့ကြသူများဖြစ်ပြီး စစ်တပ်က အာဏာသိမ်းချိန်တွင် စစ်တပ်ကို ဩဇာခံကာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးခဲ့ကြသူများဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ကောင်စီ၏ ခန့်အပ်မှုကြောင့် ဝန်ကြီး ဖြစ်လာသူ အောင်နိုင်ဦး သည် နိုင်ငံတကာစီးပွားရေးဆိုင်ရာ အခမ်းအနားများတွင် စစ်တပ်ဘက်မှ ရပ်တည် ကာကွယ်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အောင်နိုင်ဦးသည် စစ်ကောင်စီအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၁ ဝန်ကြီး ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး များအဖြစ် ​ဆောင်ရွက်ခဲ့သူဖြစ်ပြီး

သူသည် မြန်မာစစ်တပ်တွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အကြားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မြန်မာ့စိုက်ပျိုးရေးခြံထွက်ပစ္စည်းရောင်းဝယ်ရေးဌာနတွင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးဌာနများရုံးရှိ ဌာနာများတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ ၂၀၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ မှ ၂၀၁၉ ခုနှစ်အကြာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် လည်းကောင်း တာဝန်ထမ်းခဲ့သည်။

မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရကြောင်း သိရှိရသည်။

ရာထူးမှ အနားပေးခံရသော ဘဏ္ဍာရေးဒုဝန်ကြီး မောင်မောင်ဝင်းမှာလည်း စစ်အရာရှိဟောင်းဖြစ်ပြီး သိန်းစိန်အစိုးရလက်ထက်၊ NLD အစိုးရလက်ထက်တို့တွင် ဒုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲ ဖြစ်ခဲ့ကာ စစ်အာဏာသိမ်းချိန်တွင် စစ်တပ်ဩဇာခံ၍ ဘဏ္ဍာရေးဒုဝန်ကြီး အဖြစ် တာဝန်ထမ်းခဲ့သူလည်းဖြစ်သည်။

ဓာတ်ပုံ- အောင်နိုင်ဦးနှင့် မောင်မောင်ဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article