25 C
Yangon

တရုတ်ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်၍ ဖမ်းဆီးထောင်ချ အရေးယူခံရသော ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း ၏နေရာတွင် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေးကို အစားထိုးခန့်အပ်

Must read

တရုတ်ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်၍ ဖမ်းဆီးထောင်ချ အရေးယူခံရသော ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း ၏နေရာတွင် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေးကို အစားထိုးခန့်အပ်

ရန်ကုန်၊ မေ ၂၈

အကြမ်းဖက်စစ်ကောင်စီက အွန်လိုင်းငွေလိမ်လည်သော တရုတ်ကျားဖြန့် လုပ်ငန်းများနှင့်ဆက်နွယ်နေမှုဖြင့် ဖမ်းဆီးထောင်ချ အရေးယူလိုက်သော ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၏နေရာတွင် ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေးကို အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီက ယနေ့ ည ထုတ်ပြန် ကြေညာသည်။

ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ကျားဖြန့် လုပ်ငန်းများနှင့်ပတ်သက်၍ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် မေလဆန်းပိုင်းတွင် ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ခုံရုံးဖြင့် ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခြင်း၊ ပိုင်ဆိုင်မှု ပိတ်သိမ်းခြင်းများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဗိုလ်ချုပ် ကိုလေးက စစ်တက္ကသိုလ်အပတ်စဉ် ၂၇ ကျောင်းဆင်းဖြစ်ပါတယ်။ သူက ရာထူးဆက်မတက်ဘဲ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်မှာ အတော်ကြာနေပြီ။ အာဏာမသိမ်းခင်ကတည်းက အဲဒီရာထူးမှာပဲ ရှိနေတာ။ သူ့ဇနီးက ဒေါ်လေးပို ဖြစ်ပါတယ်။ အခု သူ့ကို ကာကွယ်ရေးဒုဝန်ကြီး ခန့်အပ်တာက သိပ်ပြီး ထက်ထက်မြတ်မြတ်မရှိဘဲ အနေအေးတဲ့သူ၊ အမိန့်ပေးတဲ့အတိုင်း လုပ်တတ်သူကို ကာကွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်တာမျိုးလို့ ယူဆလို့ရပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ကျားဖြန့် လုပ်ငန်းဖြင့် အရေးယူခံခဲ့ရသော ဗိုလ်ချုပ်အောင်လင်းထွန်းသည် ကိုးကန့်လုပ်ငန်းများနှင့် အလွန်ရင်းနှီးခဲ့ပြီး လောက်ကိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ စစ်တက္ကသိုလ် အပတ်စဉ် ၃၃ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article