25 C
Yangon

ချောင်းဦးမြို့နယ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသာ စစ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊ ပခုက္ကူမြို့ရှိ သီတာလမ်း စစ်ဆေးရေး ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

Must read

ချောင်းဦးမြို့နယ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသာ စစ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊ ပခုက္ကူမြို့ရှိ သီတာလမ်း စစ်ဆေးရေး ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်တပ်ဂိတ်မှ ထွက်လာသော အကြမ်းဖက်စစ်သားများသည် မုံရွေး တိုးဂိတ် အနီး လမ်းသွားလမ်းလာ ပြည်သူများကို တားဆီး စစ်ဆေး နေစဉ် အကြမ်းဖက် စစ်သား ၃ ဦးသည် မိုင်းကွင်းအတွင်း ရောက်ရှိလာစဉ် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန်ရှိနေသော စစ်သားများက လက်နက်ကြီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်နေသော နေရာတွင် ပြည်သူ အများအပြားရှိနေ၍ တော်လှန်ရေး ရဲဘော်များ ပြန်လည် ပစ်ခတ်ခြင်း မပြုလုပ်ဘဲ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“မြပုလဲကထွက်လာတာက မများပါဘူး။ ၁၂ ယောက်လောက်ပဲရှိမှာ။သေသွားတဲ့ အလောင်း‌တွေကို နေ့လည်အထိ လမ်းဘးမှာ ဒီအတိုင်းပဲ ပစ်ထားတယ်လို့သိရတယ်။ ပြည်သူတွေလည်း ဖမ်းဆီးခံရ တာမျိုးတော့ မကြားမိဘူး” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊ မုံရွာ ခရိုင် တပ် ရင်း ၂၄ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် ကနောင်မင်းသားကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့ သီတာလမ်း စစ်ဆေးရေး ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်သည် People Deffence Force PKU PDF အဖွဲ့ထံမှ သိရသည်။

မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် ပခုက္ကူမြို့ သီတာလမ်း စစ်ဆေးရေးဂိတ်ကို ဒေါင်းစစ်သည် People Defence Force PKU PDFနှင့် BURMA REVOLUTION RANGERS အဖွဲ့တို့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article