တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာ လမ်းပေါ်ရှိ အကြမ်းဖက် စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်
ရန်ကုန်၊ မေ ၂၉
ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ အကြမ်းဖက် စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army – YA ထံမှ သိရသည်။
ယနေ့ မေလ ၂၉ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ အကြမ်းဖက် စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေသော အကြမ်းဖက် စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ် Yangon Army (YA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆက်စပ်နေသည့် သူများ အားလုံးနှင့် မတရား ဥပဒေ ထုတ်ပြီး ပြည်သူများကို စစ်မှုထမ်းရေး အားပေး အားမြှောက်ပြု နေသူ အားလုံးကို ထိထိရောက်ရောက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း UG ရဲဘော်များက ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2024/05/444483082_815231867371088_963647052215101681_n.jpg)