25 C
Yangon

တောင်သာမြို့နယ်၊ တောင်ကန်တော်‌ရွာရှိ ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

တောင်သာမြို့နယ်၊ တောင်ကန်တော်‌ရွာရှိ ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၃၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်ကန်တော်‌ရွာရှိ ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Scorpions People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ တောင်ကန်တော်‌ရွာရှိ ပျူစောထီး ခေါင်းဆောင် အောင်ဆန်း နေအိမ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း ပျူစောထီး ခေါင်းဆောင် အောင်ဆန်း အပါအဝင် ပျူစောထီး ၃ ဦး သေဆုံးခဲ့ပြီး ကာဘိုင် ၁ လက် ၊ ကျည် ၆၇ တောင့် နှင့် ဖုန်း ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ပျူစောထီး ခေါင်းဆောင် အောင်ဆန်း အပါအဝင် ပျူ ၃ ကောင်သေတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ဝင်စီးတဲ့အချိန်မှာ ပြန်လည် ခံခုတာကြောင့် ကျွန်တော်တို့ဘက်က လက်ဦးမှုရယူပြီး ရှင်းလိုက်တာပါ။ အခုရှင်းလင်း‌လိုက်တဲ့ ပျူစောထီး ခေါင်းဆောင် အောင်ဆန်းကြောင့် ထောင်ကျတဲ့သူတွေလည်းရှိပါတယ်။ သူတို့က ဘယ်သွားသွား လက်နက်ကိုင်ပြီး ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ ခဏခဏ လုပ်ဆောင်နေတာပါ” ဟု Scorpions People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပကဖ နှင့်အတူ The Value Of Young Men (မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈)၊ နေပြည်တော် PDF တပ်ရင်း ၈၀၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article