25 C
Yangon

မင်းလှမြို့နယ်တွင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေး တောင်းခံနေသည့် လဝကရုံးကို ဗုံးခွဲ တိုက်ခိုက်မှု ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

မင်းလှမြို့နယ်တွင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေး တောင်းခံနေသည့် လဝကရုံးကို ဗုံးခွဲ တိုက်ခိုက်မှု ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၃၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေး တောင်းခံနေသည့် လဝကရုံးကို ဗုံးခွဲ တိုက်ခိုက်ရာ ဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ လဝကရုံးကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့ ရဲဘော်များက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းဗုံးခွဲ တိုက်ခိုက်မှုအတွင်း လဝက ဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ လဝကရုံးမှ ဝန်ထမ်းများက မှတ်ပုံတင် လာရောက် ပြုလုပ်သော ပြည်သူများကို အကြောင်း အမျိုးမျိုးပြပြီး အချိန်ဆွဲကာ အဆမတန် အတင်းအဓမ္မ ငွေကြေး တောင်းခံ၍ အကြမ်းဖက် စစ်ကောင်စီအတွက် အလုပ်ပေးနေသည့် ထောက်တိုင်များ ဖြစ်သည့်အတွက် ဗုံးခွဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညတုန်းက ၉ နာရီ ၂၀ လောက်မှာ လဝကရုံးထဲကို ပစ္စည်းအရင်သွားချပြီး မိနစ်၂၀ လောက်ကြာမှ ခွဲလိုက်တာ အဲ့သွားချတဲ့ အချိန် လ၀က ဦးစီးရုံးခန်းအပြင် ပေ ၂၀ လောက်အကွာမှာ ၀န်ထမ်း ၄ ဦး ထိုင်ပြီး စကားပြောနေကြတာတွေ့လို့ ချက်ချင်း မခွဲဘဲ သူတို့ရုံးထဲဝင်မှ ခွဲတာ လဝကရုံးက ဝန်ထမ်းတွေက မှတ်ပုံတင် လုပ်တဲ့သူတွေဆီက သိန်းဆယ်ဂဏန်း အထိတောင်းနေကြတာ ပြည်သူတွေလည်း အပြင်သွားတဲ့အခါ မှတ်ပုံတင် မပါမဖြစ်ယူရတာမို့ လာလုပ်ကြတာကို အခွင့်ကောင်းယူပြီး မတရားတွေလုပ်နေတာ အခုက သတိပေးတာပါ။ ပြည်သူဆီက မတရား ငွေတောင်းတာ ဆက်လုပ်နေမယ်ဆိုရင် စစ်ခွေးတွေနဲ့ တတန်းထဲထားပြီး အရေးယူသွားမှာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ပြည်သူများကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်ကောင်စီနှင့် ၄င်းတို့၏ ထောက်တိုင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့နှင့် ဝေးဝေးနေကြရန် ကြိုတင်အသိပေးလိုကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article