25 C
Yangon

မန်းမြို့စျေးရှိ ဆယ်သန်း ရွှေဆိုင် ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာကျော် ပါသွား

Must read

မန်းမြို့စျေးရှိ ဆယ်သန်း ရွှေဆိုင် ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာကျော် ပါသွား

■ ပထမအကြိမ် ဓားပြတိုက်စဉ်ကလည်း “နောက်တစ်ခါ လာခဲ့မယ်”ဟုဓားပြများ ကြိမ်းဝါးသွားခဲ့ပြီးနောက် ဒုတိယအကြိမ် ဓားပြတိုက်ခံရခြင်းဖြစ်

ရန်ကုန်၊ ဇွန် ၁

မန္တလေးမြို့၊ မန်းမြို့မစျေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်ကို ယမန်နေ့ ညနေပိုင်း ဒုတိယအကြိမ် ဓားပြတိုက်မှုဖြစ် ပွားပြီး ရွှေထည်ပစ္စည်းနှင့် လက်ဝတ်ရတနာများ စုစုပေါင်း ရွှေ ၄ ပိဿာကျော် ပါသွားကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့ ၊ မန်းမြို့မစျေး၊ ၈၄ လမ်း ၊ ၃၈ လမ်း နှင့် ၃၉ လမ်းအကြား ဖွင့်လှစ်ထားသည့် “ဆယ်သန်း” အဖြူရောင် မတ်တူး ရွှေငါးယာဉ်အမျိုးအစားဖြင့် လူ ၄ ဦးရောက်ရှိလာကြောင်း ၊ ယင်းနောက် သေနတ်များဖြင့် ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းနှင့် လက်ဝတ်ရတနာများကို လုယူသွားကြောင်း၊ ဓားပြတိုက်ခံရသည့် ရွှေချိန် အရေအတွက်မှာ ရွှေ ၄ ပိဿာကျော်ရှိကြောင်း သိရှိရသည်။

“လူ ၄ ယောက်က ဆိုင်ထဲ၀င်ပြီး ဓါးပြလာတိုက်တာ။ ရွှေထည် ၄ ပိသာကျော်လောက်ပါသွားပါတယ်။ ဘေးနားကလူတွေဝိုင်းအော်လို့ သေနတ် ၅ ချက်တိတိဖောက်ပြီးထွက်ပြေးသွားပါတယ်။ ကားက မတ်တူးကားအဖြူရောင်နဲ့ပါ ။ အရင်အခေါက် ဓားပြတိုက်တုန်းကလည်း နောက်တစ်ခါလာခဲ့မယ်ပြောသွားတယ်။ အခုဟာ ကတမင်လာတိုက်တာ။ ဆိုင်ကို တန်းတန်းမတ်မတ် တမင်ဝင်လာတာ။ သူများဆိုင်ရှေ့သေနတ်ကြီးနဲ့ အငြိုးနဲ့ကို တိုက်တာပါ” ဟု ဆယ်သန်းရွှေဆိုင်ဘက်က ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ဆယ်သန်းရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် မျက်နှာ ဖုံးစွပ်လူတချို့က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၂ ပိဿာခန့် တန်ဖိုးရှိ ရွှေထည်နှင့် လက်ဝတ်ရတနာပစ္စည်းများ ပါသွားခဲ့ကြောင်း၊ ပထမအကြိမ် ဓားပြတိုက်စဉ်ကလည်း စစ်ကောင်စီက ဓားပြတိုက်သူများကို ဖမ်းဆီးရရှိခြင်းမရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ညနေပိုင်း ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရသည့် မြင်ကွင်းကို CCTV မှ တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article