27 C
Yangon

NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

Must read

NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

ရန်ကုန်၊ ဇွန် ၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက လည်းဖြစ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့သူ သူရဦးတင်ဦးသည် အသက် ၉၈ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အနီးကပ်ပြုစု စောင့်ရှောက်ပေးနေသူ စာရေး ဆရာ ထင်လင်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း၊ အဆုတ်ရောင်ဝေဒနာ အပါအဝင် လူကြီးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသစဉ် ကွယ်လွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက အသက်ရှုစက်တွေ၊ ပိုက်တွေ တပ်ထားရတာ။ အသက်ကလည်း အရမ်းကြီးတော့ ဒဏ်မခံနိုင်တော့တဲ့သဘောပဲ” ဟု NLD သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သူရ ဦးတင်ဦး သည် ၁၉၂၇ ခုနှစ် ၊ မတ်လ ၁၂ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ မြန်မာ့တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့သည်။

ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖြစ် တာဝန်ယူခဲ့ပြီး NLDပါတီ၏ အရေးကြီးသော ဦးဆောင်မှု အခန်းကဏ္ဍတွင်ပါဝင်ခဲ့သော အငြိမ်းစားဗိုလ်ချုပ်ကြီးလည်းဖြစ်ကာ ဩဇာကြီးမားသော နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article