25 C
Yangon

ဆီဆိုင်မြို့နယ် မေလ အတွင်း တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄၂ ဦး သေဆုံး၊ စစ်တပ် ဖျက်ဆီးမှုကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၄၀ ကျော် ပျက်စီး

Must read

ဆီဆိုင်မြို့နယ် မေလ အတွင်း တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄၂ ဦး သေဆုံး၊ စစ်တပ် ဖျက်ဆီးမှုကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၄၀ ကျော် ပျက်စီး

ရန်ကုန်၊ ဇွန် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား၊ PNO ပြည်သူ့စစ် ၄၂ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။

မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု၊ နောင်ကျောကျေးရွာ အုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာအုပ်စုတို့ အတွင်းတို့၌ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၊ လက်အောက်ခံ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ် မတော် (PNLA) က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား၊ လက်အောက်ခံ ပြည်သူ့တပ်ဖွဲ့မှ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည် မဟုတ်သော်လည်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့သည် စစ်အာဏာရှင်တပ်ဖွဲ့များနှင့် အတူ သွားလာခြင်း ၊ ပအိုဝ်းဒေသရှိ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ မီးရှိခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ခြင်းများကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေရခြင်း ဖြစ် ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက စစ်ကြောင်းထိုးလာပြီး ပြည်သူကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်း တို့ကြောင့် မေလအတွင်း ဆီဆိုင်မြို့နယ် ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း ၊ ရေဖြူ၊ ကန်တော်လေး စသည့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၁၃၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ ရကြောင်း သိရသည်။

မေလ ၉ ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ဆီဆိုင်မြို့ နယ် နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ မေလ ၂ ရက်နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ၏ ဖမ်းဆီးခြင်းခံ ထားရ သော နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောမှာလည်း ယနေ့အထိ လွတ်မြောက်လာ ခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ မေလ ၆ ရက်နေ့တွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ထီဗွာ(ရေဖြူ) ကျေးရွာ ဒေသခံပြည်သူ ၉ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ မေလ ၂၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ် နမ့်စေမဲ ရွာမှ ဦးဝင်းနိုင်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဖမ်းဆီးသွားရာ ကား ၁ စီး၊ ပိုက်ဆံသိန်း ၁၀၀ ဖြင့် မိသားစုဝင်များက ပြန်လည်ရွေးယူခဲ့ရပြီး ဦးဝင်းနိုင်အမျိုးသမီးကိုလည်း ပြည်သူ့စစ်က ပစ်ခတ်သဖြင့် ပေါင်ထိမှန်ဒဏ်ရာရခဲ့သေးသည်။

မေလ ၂၂ ရက်တွင်ပင် ဆီဆိုင်မြိုနယ် နောင်သိမ်ကျေးရွာရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် က သင်္ချိုင်းကုန်းထဲ ဖမ်းဆီးသွားခဲ့သည့်အပြင် ဦးထက်နိုင်ပိုင်ဆိုင်သည့် ဒင်္ဂါးပြားများ၊ ရွှေ ငွေများ ၊ ကား ၁ စီး ၊ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များသည် မေလ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက် အတွင်း သုံးရက်တိုင်တိုင် ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ)ကျေးရွာ ဒေသခံပြည်သူများ၏ နေအိမ်ကို မီးရှိဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားပြီး ယင်းကျေးရွာတွင် ယနေ့အချိန်အထိ တပ်စွဲကာ ပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်များကို ခိုးယူသတ်ဖြတ်စားသောက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မေလ ၁၆ ရက်၊ ၁၇ ရက် ၊၁၈ရက် နှင့် မေလ၂၇ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာနှင့် ကောင်ဝိန်းကြီးကျေးရွာထဲသို စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နောင်ကျောကျေးရွာရှိ နေအိမ် ၁၀ အိမ် ထက်မနည်း နှင့် ကောင်ဝိန်း ကြီး ကျေးရွာရှိ နေအိမ် ၈ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း နောင် ကျော ဘုန်းကြီးကျောင်း သိမ်ကျောင်းဆောင်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နောင်ကျောကျေးရွာအတွင်းရှိ ပြည်သူများ၏ ဥစ္စာ ပစ္စည်းများဖြစ်သည့် ကားများ၊ ဆိုင်များ၊ ကုန်စုံဆိုင်းအတွင်းရှိပစ္စည်းများ၊ နေအိမ်ပေါ်ရှိ ကြေးဆင်း တု တော်များ၊ ငွေဆင်းတု‌တော်များပါမကျန် ခိုးယူခဲ့ကြ ပြီး ကားကြီး ကားငယ်များဖြင့် အကြိမ်ကြိမ် ခမရ ၄၂၃ တပ်အတွင်းသို သယ်ယူသွားခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article