25 C
Yangon

မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေ

Must read

မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေ

ရန်ကုန်၊ ဇွန် ၁

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

မေလ ၂၇ ရက်နေ့ ညပိုင်းတွင် မိုးမိတ်မြို့တွင်းတွင် ဗုံးကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း၊ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင်လည်း လက်နက်ကြီး ၅ လုံးခန့် အကြောင်းမဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“TNLA၊ KIA၊ PDF၊ ABSDF အဖွဲ့တွေကတော့ မြို့နဲ့အနီးတွေမှာ ရောက်နေတာလည်း ဖြစ်ပါတယ်။ စစ်တပ်တွေပဲ ရှိတော့တာဆိုတော့ ပြောချင်တာကတော့ မလာနိုင်အောင် လိုက်ပစ်နေတာတော့ ထင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေ ရှိရင်လည်း သတင်းပြောပေးပါ စစ်ခွေးတွေကို အမြန်ဆုံးတိုက်ပေးပါလို့ ပြောချင်ပါတယ်ဗျာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသော်လည်း မိုးမိတ်မြို့တွင်းတွင်လည်း ပြည်သူများ အများအပြား နေထိုင်နေကြကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article