25 C
Yangon

ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်း နှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ လယ်ပိုင်းမှစတင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်တပ်က အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားကြောင်း၊ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ SNA ရှမ်းနီတပ်များက ပါဝင်ကူညီတိုက်ခိုက်နေကြောင်း၊ လက်ရှိတွင် ဟုမ္မလင်းမြို့ နယ်အတွင်း ကျေးရွာအများပြားကို တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း သိရှိရသည်။

” ဟုမ္မလင်း မြို့နယ် အတွင်းမှာ လက်ရှိအချိန်အထိ အင်တာနက်လိုင်း အပြင် ဖုန်းလိုင်းတွေပါ လုံးဝ ဖြတ်တောက်ထားပါတယ်။ တိုက်ပွဲတွေဖြစ်နေတာ ၂ ပတ်ဝန်းကျင်ခန့်ရှိနေပြီ ။ ဟုမ္မလင်းမြို့နှင့် အနီးတဝိုက် ပတ်ပတ်လည် ပတ်ဝန်းကျင်တွေ မှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်နေပါတယ်။ ဟုမ္မလင်းအနီးတဝိုက် ကျေးရွာ တွေကိုလည်း ဒေသ ကာကွယ်ရေး အဖွဲ့တွေက စိုးမိုးထားပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တိုက်ပွဲများကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိတွင် မိုးဦးရာသီဝင်ရောက်လာ၍ စစ်ဘေးရှောင်ပြည်သူများ ဒုက္ခရောက်နေကြပြီး တိုက်ပွဲများမှာလည်း ဆက်လက် ဖြစ်ပွားလျက်ရှိနေကြောင်း သိရှိရသည်။

“မိုးတွေ အဆက်မပြတ် ရွာသွန်းနေပေမယ့်လည်း တိုက်ပွဲတွေ့ မိုးရေ ချောင်းရေတွေအကြား လက်ရှိ ချိန်အထိ ဆက်လက်ပြင်းထန်နေပါတယ်” ဟု​ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် SNA တပ်များက အဓိကအားဖြင့် ခံစစစ်ပြင်ဆင်နေကြခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များက ဟုမ္မလင်းမြို့ပေါ်ကိုပါ သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်များနှင့် SNA တပ်များကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article