25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇွန် ၂

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မေလ ၃၁ ရက်နေ့ ည ၁ဝ နာရီ ၂၅ မိနစ်အချိန် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၆ နှစ်အရွယ် ဒေါ်ပန်းနုမွန် လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၇ နှစ် အရွယ် ကလေးငယ် မမိုဟေမန် လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၈ မိနစ်အချိန် ဆောထိမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် သာစေးဒဲကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၃ လုံး ထိမှန် ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဗုံးကျဲမှု အပြီး မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်း ဘောလောတယ် ကျေးရွာအတွင်းသို့ ဗုံး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁ လုံး နှင့် ကျေးရွာ စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article