26 C
Yangon

မုံရွာမြို့အဝင်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်

Must read

မုံရွာမြို့အဝင်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်တွင် အကြမ်းဖက်စစ်တပ် မိုးကာအုပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Peace Takers Task Force – PTTF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့မှ ထွက်လာသည့် မိုးကာ အုပ် ၆ ဘီးကားပါ ၁၅ စီးယာဉ်တန်းကို မိုရွာမြို့အဝင်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာ မိုင်း ၅ လုံးဖြင့်‌ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ် ၆ ဘီးကားတစ်စီး မိုင်းမိပြီးထိုးရပ်သွားကြောင်း၊ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“မိုးကာအုပ် ၆ ဘီးကား ကို မိုင်းမိတယ်။ အဲဒီကား ထိုးရပ်သွားပြီး ညနေ၅ နာရီဝန်းကျင်လောက်မှ မုံရွာမြို့ ထဲဝင်တယ်။ အသေအပျောက်ကတော့ရှိနိုင်တယ်။ အတိအကျ မသိရဘူး။ မြို့အဝင် မအူဂိတ်က လည်းလမ်းသွားလမ်းလာတွေ အကုန်ပိတ်လိုက်ပြီးတော့ ဂိတ်ကနေ ယာဉ်တန်းကို ကင်းယူပေးနေတဲ့ သူတွေက ရော ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်တာ။” ဟု Peace Takers Task Force – PTTF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Peace Takers Task Force – PTTF နှင့် The Brightness Monywa အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article