25 C
Yangon

စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ်

Must read

စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ်

ရန်ကုန်၊ ဇွန် ၂

အကြမ်းဖက်စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိ ၂၅ ဦးထက်မနည်းကို စစ်ကောင်စီက ထပ်မံ၍ အပြောင်းအလဲ ပြုလုပ်ကြောင်း စစ်တပ်အတွင်းမှ ရရှိသော သတင်းအချက်အလက်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

နေပြည်တော်စစ်ရုံးချုပ်ကြည်း စစ်ဆင်ရေးမှ နေပြည်တော် ဗျူဟာမှူးရာထူးအဖြစ် ဒုဗိုလ်မှူးကြီး ကျော်ခိုင်လင်းကိုလည်းကောင်း၊ တပ်မတော် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်အောင်ကို အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုတပ်သို့ လည်းကောင်းပြောင်းရွှေ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ စောင့်ကြည့်ရမည့် သူများ ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၃၁ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး ၂၅ ဦးခန့် တပ်တွင်း အပြောင်းအရွှေ့ လုပ်ဆောင်ခဲ့ကြောင်း၊ ဒုတိယဗိုလ်မှူးကြီးများသည် ရာထူးတစ်ဆင့်တိုးဖြင့် အပြောင်းအရွှေ့များ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မကြာသေးခင်ကလည်း တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျော်ခိုင်လင်းတစ်ယောက်ကတော့ နည်းနည်းထူးဆန်းတယ်။ ဒီ ကြည်းစစ်ဆင်ရေးကနေ နေပြည်တော်တိုင်းမှာပဲ ဗျူဟာမှူးကပ်ထွက်တယ်ဆိုတော့ သူကတော့ နည်းနည်းထူးဆန်းတယ် စောင့်ကြည့်ရမယ့် သူ။ နကတ တွေ တက်ပြီးသွားတာနဲ့ ဗိုလ်မှူးချုပ် ဗိုလ်ချုပ်လျာထားသွားတဲ့ လူဖြစ်မယ်လို့ ကျွန်တော်ကတော့ မှန်းတယ်။ နောက် စစ်တီးဝိုင်းတပ်က နေပြည်တော်ကနေပြီးတော့ အတီးအမှုတ်သမားက စကခ ၆ ကို ထွက်တယ်ပေါ့နော်။ နေပြည် တော်ကနေ နေပြည်တော်ပဲ။ အဲဒီတစ်ယောက်ကလည်း စောင့်ကြည့်ရမယ့်အထဲပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်အတွင်း အပြောင်းအရွှေ့ပြုလုပ်သူ ဒုတိယဗိုလ်မှူးကြီး ၂၅ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁- ဒုဗိုလ်မှူးကြီး ကျော်ဇင်ဦး နပခ (အမ်း) မှ စကခ ၂၀ (ခမောက်ကြီး)

၂- ဒုဗိုလ်မှူးကြီး ကျော်ခိုင်လင်း စစ်ရုံးချုပ်ကြည်း စစ် ဆင်ရေးမှ နပတ (နေပြည်တော် )

၃- ဒုဗိုလ်မှူးကြီး ညီညီထွန်း နပခ (အမ်း) မှ မပခ (မြစ်ကြီးနား )

၄- ဒုဗိုလ်မှူးကြီး ၀င်းမင်းလတ် ရမခ (လားရှိုး) မှ စကခ ၁၉ (ရေး)

၅- ဒုဗိုလ်မှူးကြီး သန့်ဇင်အောင် စစ်ရုံးချုပ် ကြည်းသုသေသန မှ စကခ ၁၉ (ရေး)

၆- ဒုဗိုလ်မှူးကြီး ရဲမြင့်အောင် စစ်ရုံးချုပ် လကခ မှ မပခ (မြစ်ကြီးနား)

၇- ဒုဗိုလ်မှူးကြီး ဇင်မောင်မောင် စစ်ရုံးချုပ် ကစထ ၃ မှ နပခ (အမ်း)

၈- ဒုဗိုလ်မှူးကြီး ဖြိုး၀ဏ္ဏထွန်း တခရ (ဗထူး) မှ စကခ ၁၇ (မိုင်းပန်)

၉- ဒုဗိုလ်မှူးကြီး ရာဇာမင်းညွန့် စစ်ရုံးချုပ် လကခ မှ တပ်မ ၂၂ (ဘားအံ)

၁၀- ဒုဗိုလ်မှူးကြီး ရဲ၀င်းထွန်း စစ်ရုံးချုပ် လကခ မှ တပ်မ ၂၂ (ဘားအံ)

၁၁- ဒုဗိုလ်မှူးကြီး ရဲမင်း စစ်ရုံးချုပ် လကခ မှ စကခ ၁၃ (ဘုတ်ပြင်း)

၁၂- ဒုဗိုလ်မှူးကြီး ဇော်မျိုးထွဋ် လပခ (မန္တလေး) မှ စကခ ၁၃ (ဘုတ်ပြင်း)

၁၃- ဒုဗိုလ်မှူးကြီး ဇော်ဇော်၀င်း စစ်ရုံးချုပ် လကခ မှ တပ်မ ၃၃ (စစ်ကိုင်း)

၁၄- ဒုဗိုလ်မှူးကြီး ဇော်၀င်း ရတခ (မော်လမြိုင်) မှ တပ်မ ၄၄ (ကျိုက်ထို )

၁၅- ဒုဗိုလ်မှူးကြီး ကျော်ဇေယျ တကန (ဟိုပုန်း ) မှ စကခ ၁၂ (ကော့ကရိတ်)

၁၆- ဒုဗိုလ်မှူးကြီး အောင်ဖုန်းလှိုင် ကရခ (မြိတ်) မှ စကခ ၁၀ (ကလေး)

၁၇- ဒုဗိုလ်မှူးကြီး အောင်စည်ဖြိုး စစ်ရုံးချုပ် လကခ မှ တပ်မ ၅၅ (ကလော)

၁၈- ဒုဗိုလ်မှူးကြီး အောင်ကျော်သက် တပခ (တောင်ငူ) မှ တပ်မ ၆၆ (အင်းမ)

၁၉- ဒုဗိုလ်မှူးကြီး အာကာထွန်း စစ်ရုံးချုပ် လကခ မှ စကခ ၈ ( ထား၀ယ်)

၂၀- ဒုဗိုလ်မှူးကြီး မောင်မောင်၀င်း စကခ ၆ (လယ်ဝေး) မှ စကခ ၇(ဖယ်ခုံ)

၂၁- ဒုဗိုလ်မှူးကြီး မင်းမင်းစိုး စစ်ရုံးချုပ် စရခ မှ စကခ ၁ (ကျောက်မဲ)

၂၂- ဒုဗိုလ်မှူးကြီး သက်ထွန်းအောင် စစ်ရုံးချုပ် လကခ မှ တပ်မ ၉၉ (မိတ္ထီလာ)

၂၃- ဒုဗိုလ်မှူးကြီး သောင်းစိုး တပခ(တောင်ငူ ) မှ စကခ ဥ (ဖယ်ခုံ)

၂၄- ဒုဗိုလ်မှူးကြီး အောင်အောင် တဂစ တပ်မတော်ဂုဏ်ပြုတပ်ခွဲ နှင့် စစ်တီးဝိုင်းတပ် (နေပြည်တော်) မှ စကခ ၆ (လယ်ဝေး)

၂၅- ဒုဗိုလ်မှူးကြီး နေလင်းအောင် ရပခ (တောင်ကြီး ) မှ စကခ ၂ ( မိုင်းနောင်) တို့ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article