26 C
Yangon

ကရင်နှင့် ကရင်နီ ဒေသ စစ်ဆင်ရေးများတွင် ပူးပေါင်း ပါဝင်တိုက်ပွဲဝင်နေသာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်သား ၄၀၀ ကျော် သေဆုံးပြီး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့

Must read

ကရင်နှင့် ကရင်နီ ဒေသ စစ်ဆင်ရေးများတွင် ပူးပေါင်း ပါဝင်တိုက်ပွဲဝင်နေသာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်သား ၄၀၀ ကျော် သေဆုံးပြီး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့

ရန်ကုန်၊ ဇွန် ၂

ကရင်ပြည်နယ်နှင့် ကရင်နီ ဒေသ စစ်ဆင်ရေးများတွင် ပူးပေါင်း ပါဝင်တိုက်ပွဲဝင်နေသာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်သား ၄၀၀ ကျော် သေဆုံးပြီး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ (P3. 9918) ကို ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ရှမ်းပြည်နယ် ​တောင်ပိုင်း၌ စတင်ဖွဲစည်းခဲ့ပြီး အမျိုးသားညီညွတ်‌‌ရေး အစိုးရ (NUG) ၊ ကာကွယ်‌‌‌‌ရေးဝန်ကြီးဌာန (MOD) တို့၏ ဦးဆောင်မှုဖြင့် ဖက်ဒရယ် ဒီမိုက‌‌ရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးစစ်ဆင်‌‌‌ရေး အဖွဲ့သည် တော်လှန်‌ရေး ၃ နှစ်တာကာလအတွင်း ကရင်နီ ဒေသ၊ ရှမ်းတောင် နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ တို့တွင် မဟာမိတ်အဖွဲ့များနှင့် အတူ ပူးပေါင်းကာ စစ်ဆင်ရေးပေါင်း ၃၀ ကျော် ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့၏ ဖျက်မြင်း Fighter + Sniper စစ်ကြောင်းသည် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ၊ တပ်သားများ၊ Sniper များ အပါအဝင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀၀ ကျော် တိုက်ပွဲအတွင်း ရှင်းလင်းနိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၅ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် အထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် Fighter / Sniper နှင့် Drone အဖွဲ့များကို ပိုမိုအားကောင်းအောင် စုဖွဲ့ပြင်ဆင်ပြီး စစ်ဆင်‌ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးစစ်ဆင်ရေးအဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်သားများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်း ကမ်းများနှင့်အညီ ပြည်သူလူထုလိုလားသော ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် အကောင်အထည် ဖော်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article