25 C
Yangon

ဖလမ်းရဲစခန်းမှ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ငွေသားများ ဆုချီးမြှင့်

Must read

ရန်ကုန်၊ ဇွန် ၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြို့မ ရဲစခန်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ငွေသားများ ဆုချီးမြှင့်ကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။

မေလ ၃၁ ရက်နေ့ CNO/CNDF ထံသို့ လက်နက်နှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သား ဟိန်းထက်စံ ကို ဆုကြေးငွေ သိန်း ၆၀ ကိုလည်းကောင်း၊ ရဲတပ် သား ဟွာခန့်စိန် ကို ဆုကြေးငွေ ၁၀ သိန်းကိုလည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါ အဝင် ရဲတပ်ဖွဲ့၀င် ၃ ဦးသည် လက်နက်နဲ့အတူ CNO/CNDF ထံ မေလ ၃၁ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အလင်းဝင်ရောက် လာသူများမှာ ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်း ၊ ရဲတပ်သား တပ်သားဟိန်းထက်စံ နှင့် ရဲတပ်သား ဟွာခန့်စိန်တို့ဖြစ်ကြောင်း သိရှိရသည်။

အလင်း၀င်လာသူ ရဲတပ်သားဟိန်းထက်စံ မှ G3 သေနတ်တစ်လက်၊ H. Gernades လက်ပစ်ဗုံး ၄ လုံး၊ 7.62 ကျည်ဆံ ၁၈၅ တောင့်၊ ကျည်ဘောက် ၃ ခု နှင့်၊ ရဲတပ်သား ဟွာခန့်စိန် မှ လက်ပစ်ဗုံး ၂ လုံး၊ 7.62 ကျည်ဆန် ၁၀၅ တောင့်နှင့် အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article