25 C
Yangon

အုတ်ဖိုမြို့နယ်တွင် ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၅ ဦးသည် ရဲစခန်းအဝင် လမ်းကြပ်ရှိ ပဒေသာ TNT အပြင်းစားမိုင်း ၃ လုံးတွဲ ထောင်ထားသည့် နေရာကို ရောက်ရှိလာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိပြီး စခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စက်လက်၊ လက်နက်ကြီးများဖြင့် စခန်းအပြင်ကို မိနစ် ၂၀ ခန့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ဝိုင်းရဲစခန်းက စစ်ခွေးတွေ အခုတလော အပြင်ထွက် အရက်သောက်နေတာ သတင်းရလို့ ညတုန်းက ရဲစခန်း အထွက် လမ်းကြပ်နားမှာ TNT အပြင်းစား မိုင်း ၃ လုံးကို ပဒေသာထောင်ထားတာ နံန က် ၁၀ နာရီ လောက်မှာ စစ်ခွေး ၅ ကောင် အရက်သောက်ဖို့ထွက်လာတာ မိုင်းကွင်းထဲရောက်တော့ တန်းခွဲလိုက်တာ ၃ ကောင်က နေရာတင်ပွဲချင်းပြီးတယ် ၂ ကောင်ကလည်း အခြေအနေသိပ်မကောင်းဘူး။ အဲ့ဒီ စစ်ခွေးတွေ မိုင်းဆွဲခံရတာမြင်တော့ စခန်းထဲက စစ်ခွေးတွေက ပြန်ဆွဲယူပြီး စခန်းအပြင်ကို ၇၉ မမ ၃ချက် စက်ကြီး၊ စက်လက်နဲ့ တရစပ် ပစ်တာ မိနစ် ၂၀ လောက်ကြာပါတယ်။ စစ်ခွေးတွေ ပြန်ဆွဲယူသွားလို့ လက်နက်တွေ မရခဲ့ဘူး။ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက် အဲ့ ၃ မြို့မှာ မြို့ပြ မစ်ရှင်တွေ ဆက်တိုက် လုပ်တော့မှာမို့ ပြည်သူတွေအနေနဲ့ သတိပေးချက်တွေ လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍လည်း မြို့ပြ စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များ၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီး၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများ၊ ရုံးများအနီး နေထိုင် သွားလာခြင်းများ မပြုလုပ်ကြခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article