25 C
Yangon

ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ၁ ဦး အလင်းဝင်

Must read

ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇွန် ၄

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ၁ဦး အလင်းဝင်ရောက်လာကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ထံမှ သိရသည်။

မေလ ၂၉ရက်နေ့တွင် ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်လက်နက်ပစ္စည်း တပ်ခွဲမှ စစ်သား ၁ ဦး ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ထံ အလင်းဝင်ရာက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့သို့ အလင်းဝင်ရောက်ခဲ့သော စစ်သား ၁ ဦးကို မြို့နယ်ပကဖ မှ ဂုဏ်ပြုဆုငွေနှင့် ဘဝရှေ့ရေး အဆင်ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေး နှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက် ပေးလျက်ရှိကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့မှ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article