25 C
Yangon

မြင်းမူမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် ဒုတပ်ကြပ် ညီလွင်အောင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြင်းမူမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် ဒုတပ်ကြပ် ညီလွင်အောင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် ဒုတပ်ကြပ် ညီလွင်အောင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း စွန်ရဲ Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းမူမြို့ပေါ်၌ တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ ခလရ ၄ တပ်ရင်းမှ ဒုတပ်ကြပ် ညီလွင်အောင်ကို တော်လှန်ရေး ရဲဘော်များက နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

” မနေ့က မွန်းလွဲပိုင်းလောက်က မြင်းမူမြို့ အတွင်းမှာရှိတဲ့ ဒုတပ်ကြပ် ညီလွင်အောင် ဆိုသူကို နေအိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့ပါတယ်။ သူက သတင်းထောက်ပုံစံနဲ့ ရောက်လာပြီး သူ့အိမ်နားက ကျွန်တော်တို့ဘက်က ရဲဘော် ၂ ဦးကို သူက စစ်ခွေးတွေဆီ သတင်းပို့လိုက်တာ ရဲဘော် ၂ ဦး ဖမ်းဆီးခံလိုက်ရပါတယ်” ဟု စွန်ရဲ Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စွန်ရဲ Revolution Force အဖွဲ့နှင့် Z (UG) မြို့ပြပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article