25 C
Yangon

ရွာငံမြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးမန်းကျော် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရွာငံမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော်ကို ရွာငံမြို့မှ P3.1003တပ်ရင်း တပ်ခွဲ(၂) နှင့် ရွာငံမြို့နယ် ဖကပ တပ်ခွ(၁) တပ်ခွဲ (၂)တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာ အုပ်ချူပ်ရေးမှူး မန်းကျော်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီအတွက် သတင်းပေးလုပ်ဆောင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ရွာငံမြို့နယ်တွင် PDF စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် နွားဘန်းကြီး ကျေးရွာ အုပ်ချူပ်ရေးမှူး မန်းကျော်က စစ်တပ်ထံသို့ သတင်းပေးခဲ့ကြောင်း၊ အဆိုပါ စီးနင်းမှုကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် သေဆုံးသွားသော နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော် သည် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်တပ်အတွက် တပ်သားသစ်အဖြစ် စုဆောင်းရာတွင် ပါဝင်ခဲ့ကြောင်း၊ PDF တပ်များက အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်တပ်နှင့်အမြဲအဆက်အသွယ်လုပ်နေခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ ရပ်တန့်ခြင်းမရှိဘဲ အထွေထွေအုပ်ချူပ်ရေးမှူးရုံးနဲ့ ပြီးတော့ နွားဘန်းကြီးကျေးရွာမှာ တပ်စွဲနေတဲ့ ​စစ်တပ် ဗိုလ်ကြီး ဗိုလ်သက် နဲ့ အမြဲတမ်းအဆက်သွယ်လုပ်ပြီး ပြည်သူတွေကိုနည်းမျိုးစုံနဲ့နှိပ်စက်ညှင်းပမ်းနေတာကြောင့် ရှင်းလင်းရခြင်းဖြစ်ပါတယ်” ဟု ရွာငံမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article