25 C
Yangon

မုံရွာမြို့နယ်ရှိ မအူဂိတ်နှင့် ညောင်ဖြူပင်ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

Must read

မုံရွာမြို့နယ်ရှိ မအူဂိတ်နှင့် ညောင်ဖြူပင်ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မအူဂိတ်နှင့် ညောင်ဖြူပင်ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Black Dragon အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မုံရွာမြို့နယ်၊ မအူဂိတ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူများထံမှ ​​ဆက်ကြေးကောက်ခံခြင်း၊ စစ်မှူထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေ၍ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် အနီးနားရှိ ကျေးရွာများကို ကျရောက် ပေါက်ကွဲကာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၇ တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ၃ (NPRF) ၊ Brother Revolution Force ၊ Area 71 ၊ PLA တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်ဖြူပင်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့် ဗုံးကျဲချပြီး ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brother Revolution Force ၊ 5/Fighter နှင့် Golden Eagle Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မအူဂိတ် ဖြစ်စဥ်မှာ ဒဏ်ရာရတဲ့ စစ်ခွေး ၄ ကောင်ထဲက ၂ ဦးသေဆုံးတယ်။ ညောင်ဖြူပင် ဖြစ်စဥ်ကိုတော့ စစ်ခွေး သေဆုံးမှု စုံစမ်းဆဲပါ” ဟု Black Dragon အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article