25 C
Yangon

မြင်းခြံမြို့နယ်၊ နဘဲသာရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး သေဆုံး

Must read

မြင်းခြံမြို့နယ်၊ နဘဲသာရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ မြင်းမြို့နယ်၊ နဘဲသာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း – 27 Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃ ရက်နံနက် ၇ နာရီခန့်က မြင်းခြံမြို့နယ်၊ နဘဲသာရွာဘက်မှ မာန်လည်ရွာဘက်သို့ အင်းအား ၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် တပ်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း – 27 Revolution Force ၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မြင်းခြံမြို့နယ် ပ.က.ဖ ၊ တောင်သာမြို့နယ် ပ.က.ဖ နှင့် မလှိုင် ပ.က.ဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article