25 C
Yangon

ဆီဆိုင်မြို့နယ်တွင် စစ်ရှောင် ပြည်သူများ နေရပ်မပြန်လျှင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး နေရပ်ပြန်သူများ စစ်မှုထမ်းရမည်ဟု စစ်တပ်က ခြိမ်းခြောက်

Must read

ဆီဆိုင်မြို့နယ်တွင် စစ်ရှောင် ပြည်သူများ နေရပ်မပြန်လျှင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး နေရပ်ပြန်သူများ စစ်မှုထမ်းရမည်ဟု စစ်တပ်က ခြိမ်းခြောက်

■ ဆီဆိုင်မြို့ မြကန်သာရပ်ကွက်တွင်လည်း စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၆

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် စစ်ရှောင် ပြည်သူများ နေရပ်မပြန်လျှင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး နေရပ်ပြန်သူများ စစ်မှုထမ်းရမည်ဟု အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း PNLA အဖွဲ့ ထံမှ သိရသည်။

ဇွန်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က နောင်ကျောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးပြုလုပ်ကာ ကျေးရွာများကို ပြန်လည် ဝင်ရောက် နေထိုင်ခြင်းမရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်ပါက ၁ အိမ်လျှင် ၁ ဦးနှုန်း စစ်မှုထမ်းရမည်ဖြစ်ကာ စစ်လှုပ်ရှားမှု စရိတ် အဖြစ် တစ်အိမ် ၂ သိန်းကျပ် လစဉ် ထည့်သွင်းရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး ပြုလုပ်နေစဉ် ဒေသပြည်သူအများစုသည် တောတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်နေရသောကြောင့် တက်ရောက်နိုင်ခြင်းမရှိဘဲ ရွာတွင် ရွာစောင့်အဖြစ် ကျန်ရှိခဲ့သော ပြည်သူများကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ လက်ရှိချိန်တွင် နောင်ကျောကျေးရွာ ဘုန်းကြီးကျောင်းတွင် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့များ ဝင်ရောက်တပ်စွဲထားပြီး ခံတပ်စခန်းအဖြစ် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် နောင်ကျော ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်ကျောင်းဆောင်မှာ ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သံဃာတော်များလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ရန်ကြောင့် တောတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့သည် သဘက်ကျေးရွာအုပ်စုနှင့် နောင်ကျောကျေးရွာအုပ်စုအတွင်း ပြည်သူများကို မကြာခဏ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်း၊ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ယင်းကျေးရွာအုပ်စုမှ ပြည်သူ ၁၀၀၀၀ ကျော် တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ဆီဆိုင်မြို့ မြကန်သာရပ်ကွက်တွင် ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် အသက် ၇၁ နှစ်အရွယ် ဒေါ်စိုးစိုးလတ် ၎င်းနေအိမ်ဝင်းအတွင်း သန့်ရှင်းရေးလုပ်နေစဥ် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက် တစ်ဖက် ပြတ်ထွက် သွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ဆီဆိုင်မြို့ပေါ်နှင့် မြို့ပတ် ဝန်းကျင်ရှိ ၎င်းတို့ အဓမ္မ သိမ်းဆည်းထားသည့် မြေများတွင် မြေမြှုပ်မိုင်းများ၊ နင်းမိုင်းများ ထောင်ထား၍ ပြည်သူများ သတိပြုသွားလာကြရန် PNLA အဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article