28 C
Yangon

NUG ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ တောင်ဩစတြေးလျ ပြည်နယ်လွှတ်တော်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး

Must read

ရန်ကုန်၊ ဇွန် ၇

တောင်သြစတြေးလျ ပြည်နယ်လွှတ်တော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် တောင်သြစတြေးလျပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး H.E Zoe Bettison၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် the Honourable Tung Ngo MLC နှင့် the Honourable John Fulbrook တို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေး ချမှတ်ထားသည့် အစီအမံများကို အသိပေး ဆွေးနွေးခဲ့ကြကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ ၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေးနှင့် မြန်မာပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင်အထည်ဖော်နေမှုကိုလည်း အလေးပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံကြောင်း The Honourable Tung Ngo MLC နှင့် the honourable John Fulbrook ပြောကြားခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တောင်သြစတြေးလျပြည်နယ်အစိုးရ၊ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး H.E. Zoe Bettison က တောင်သြစတြေးလျပြည်နယ်၏ ရိုးရာယဉ်ကျေးမှုစနစ်၊ အကောင်အထည်ဖော်မှုဆိုင်ရာများနှင့်ပတ်သက်၍ သူ၏ အတွေ့အကြုံများကို ဒေါ်ဇင်မာအောင်နှင့် အဖွဲ့ကို မျှဝေခဲ့ကာ ယဉ်ကျေးမှုပေါင်းစုံစနစ်ကို တောင်ဩစတြေးလျ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နေသည့် အတွေ့အကြုံများက အနာဂတ်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးဖြစ်ထွန်းစေနိုင်မည့် အတွေးအခေါ်ကောင်းများ ရရှိနိုင်မည်ဟုလည်း H.E. Zoe Bettison က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့သည် တောင်သြစတြေးလျပါလီမန်ကျင်းပချိန်တွင် ပါလီမန် ကျင်းပနေပုံနှင့် လုပ်ထုံးလုပ်နည်းများအား လေ့လာခဲ့ကြကာ တောင်သြစတြေးလျ ပါလီမန်၊ အောက်လွှတ်တော် သဘာပတိ the Honourable Leon Bignell က ကြိုဆိုခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခရီးလမ်းကို ပံ့ပိုးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဒီမိုကရေစီ မဟာမိတ်များ၏ အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့ပြီး တောင်သြစတြေးလျပြည်နယ်ပါလီမန်က နွေးထွေးစွာ ဧည့်ခံခဲ့ခြင်းနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article