25 C
Yangon

ရေဖြူမြို့နယ်၊ ခမရ ၄၀၈ တပ်ရင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခမရ ၄၀၈ တပ်ရင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထားဝယ်အမှတ် ၈ ပြည်ထောင်စု လမ်းမကြီး၌ နယ်မြေလုံခြုံရေးအတွက် ခရီးသွားယာဉ်များကို စစ်ဆေးရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၈ တပ်ရင်းက လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ခမရ ၄၀၈ တပ်ရင်းဝင်း အတွင်းကို ၄၀ မမ ၄ လုံး၊ လက်နက်ငယ်များ စသည် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ခမရ ၄၀၈ တပ်ရင်း ဝင်းအတွင်းမှ အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက် ရေး တပ်တော် (DNLA) ၊ ကော်သူးလေ အာမီ (KTLA) ၊ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (S.B.L) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ရေး သတိဖြင့် သွားလာနေထိုင်ကြရန် ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article