28 C
Yangon

ဓနုဖြူ၊ ပန်းတနော်၊ မြန်အောင်၊ ညောင်လေးပင်၊ အောင်လံ၊ သာယာ၀တီနှင့် ကျောက်ပန်းတောင်းတိုတွင် စစ်တပ် က တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ၊ ငွေကြေး ခြိမ်းခြောက် တောင်းခံမှုများဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဇွန် ၇

ဧရာ၀တီတိုင်း၊ ဓနုဖြူမြိုနယ်၊ ပန်းတနော်မြိုနယ်၊ မြန်အောင်မြိုနယ်တိုတွင် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲများက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးအဓမ္မတောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ဇွန်လ ၅ ရက်နေ့ ဧရာ၀တီတိုင်း၊ ကျုံပျော်ခရိုင်၊ ဓနုဖြူမြိုနယ်၊ ကျုံတနီးကျေးရွာမှ လူငယ် ၁၀ ဦးကို စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲများ ပူးပေါင်းကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးသွားသည့် လူငယ်များကို စစ်တပ်အတွင်းသို ထည့်သွင်းမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲများက မိဘများကို အကြောင်းကြား လာကြောင်း သိရှိရသည်။

ထိုအတူ ဧရာ၀တီတိုင်း၊ ပန်းတနော်မြိုနယ် ဆင်ဂေါင်းရွာ ကျေးရွာအုပ်ချုပ်‌ရေးမှူး အောင်၀င်းက ကျေးရွာမှ လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းရန် လက်မှတ်ထိုးခိုင်းပြီး တစ်ဦးလျှင် ငွေကျပ် ၅ သောင်း တောင်းကြောင်း၊ လူငယ် ၄၀ လက်မှတ်ထိုးရကြောင်း၊ လူငယ်များ မရှိသော အိမ်များကိုလည်း တစ်အိမ်လျှင် ငွေကျပ် ၂ သောင်းတောင်းယူကြောင်း သိရှိရသည်။

“ရွာကလူတွေကလည်း ကြောက်ကြတော့ အားလုံးပဲ အုပ်ချုပ်ရေးမှူး အောင်ဝင်း တောင်းသလောက် ပေးကြတယ်။ အုပ်ချုပ်ရေးမှူးကတော်ကလည်း တော်တော်လေး ဆိုးတယ်။ အုပ်ချုပ်ရေးမှူးနဲ့အတူ ဖိုးသွယ်ဆိုတဲ့ လူလည်း ပါတယ်။ ရွာကို နှိပ်စက် ငွေကြေးခြိမ်းခြောက်တောင်းနေတာ” ဟု ဆင်ဂေါင်းကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဧရာ၀တီတိုင်း၊ မြန်အောင်မြိုနယ် သပြေကုန်းရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ရဲတပ်ဖွဲဝင်ဟောင်းလည်းဖြစ်သူ ကျော်မင်းထက်က ပြည်သူ့စစ်တပ်ဖွဲများ ဖွဲစည်းပြီး အဓမ္မမြေသိမ်းခြင်း၊ လူငယ်များကို အတင်းအကျပ် စစ်သားသစ်စုဆောင်းခြင်း၊ ၎င်းနှင့် မတည့်သူများကို စစ်တပ် ဆန့်ကျင်သည် ၊ နိုင်ငံရေးလုပ်သည်ဟုဆိုကာ ခြိမ်းခြောက် ငွေညှစ်ခြင်းများ၊ လက်နက်ကိုင်အဖွဲများဖြင့် လူမိုက်ဂိုဏ်းသဖွယ် ပြည်သူများကို နှိပ်စက် အနိုင်ကျင့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြိုနယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် နေ့စဉ် ညတိုင်း လူငယ်များကို ဧည့်စာရင်းစစ်ခြင်း၊ မှတ်ပုံတင်စစ်၍ အကြောင်းမျိုးပြ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များကို တပ်သားသစ်အဖြစ် စစ်တပ်က ခေါ်ဆောင် သွားကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ သာယာ၀တီမြိုနယ်၊ ကွက်သစ်ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး လှအေးက လူငယ်များကို စစ်မှုထမ်းရန်နှင့် စစ်မှုမထမ်းလိုပါက ငွေပေးရမည်ဟုဆိုကာ အတင်းအဓမ္မငွေကြေးတောင်းခံမှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။

ပဲခူးတိုင်း ညောင်လေးပင်မြိုနယ် လှည်းဆိပ်ကျေးရွာအုပ်စု အောင်ကြီးကျေးရွာမှ ဒိုင်နယ်ဥက္ကဌ အောင် သန်းဝင်း က လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေပြီး လူငယ်မှန်သမျှ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းလျှင် ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက် အဓမ္မ ခေါ်ဆောင် ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြိုနယ်၊ သာယာကုန်း ကျေးရွာတွင် အမဲသတ်ရုံမှ အလုပ်သမား ၉ ဦးကိုလည်း စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ အောင်လံမြိုနယ် ၊ စခမ်းကြီးကျေးရွာမှ မိဘမဲ့ လူငယ် ဇင်သီဟကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲက ပေါ်တာဆွဲ ဖမ်းဆီးသွား ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article