25 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Budalin Mobile Team-BMT အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန် ၆ ရက် နံနက် ၃ နာရီခန့်က အင်အား ၄၀ ခန့်ဖြင့် ဘုတလင်မြို့ပေါ်မှ မြောက်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများသည် နံနက် ၅ နာရီ မိနစ် ၃၀ အချိန် ဘုန်းကြီးလမ်းခွဲသို့ အရောက် အဆိုပါနေရာရှိ ဇရပ်နှင့် စျေးဆိုင်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ထို့နောက် ဘုတလင်မြို့ ဘက်သို့ မြို့သစ်ချောင်းဖောက်လမ်းမှ ကွေ့ပတ်ပြီး ပြန်လည်ထွက်ခွာလာရာ နံနက် ၇ နာရီခွဲခန့် အချိန် နှောရင်းကျေးရွာ အနောက်ဘက်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်တပ်က ၄၀ မမ ဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ဘုတလင်မြို့နယ် ပကဖ မှ ရဲဘော် ၁ ဦး ကျဆုံးပြီး Budalin Mobile Team မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team-BMT ၊ Depeyin Local Mobile Team – DLMT ၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း BOB-Batallion Of Budalin ၊ ဘုတလင်မြို့နယ် ပကဖနှင့် မဟာမိတ် PDF ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့ အထကကျောင်း၊ ထွေအုပ်ရုံးနှင့်ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ၂ ရက် ၃ ရက်ခြား တကြိမ် မြို့အနီးဝန်းကျင်ရှိကျေးရွာများကို စစ် ကြောင်းထိုး ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီး သတ်ဖြတ် ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Budalin Mobile Team-BMT တပ်ဖွဲ့တွင် ကျည်ကာ၊ ကျည်ကာဦးထုပ်၊ ယူနီဖောင်များ လိုအပ်လျက် ရှိပြီး မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်းဆက်သွယ် လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article