25 C
Yangon

အိုးဘိုထောင်တွင် အကျဉ်းသား ၅၀ ခန့်ထားသည့် အဆောင်များကို ၁၀၀ ဦးမှ ၂၀၀ ဦး အထိ စုပြုံထားရှိပြီး ထောင်ဝတ်စုံများကိုလည်း လုံလောက်စွာ မပေး၍ အကျဉ်းသားများ အရေပြား ရောဂါများ ဖြစ်ပွားနေ

Must read

အိုးဘိုထောင်တွင် အကျဉ်းသား ၅၀ ခန့်ထားသည့် အဆောင်များကို ၁၀၀ ဦးမှ ၂၀၀ ဦး အထိ စုပြုံထားရှိပြီး ထောင်ဝတ်စုံများကိုလည်း လုံလောက်စွာ မပေး၍ အကျဉ်းသားများ အရေပြား ရောဂါများ ဖြစ်ပွားနေ

ရန်ကုန်၊ ဇွန် ၇

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် အိုးဘိုထောင်တွင် အကျဉ်းသား ၅၀ ခန့်ထားသည့် အဆောင်များကို ၁၀၀ ဦးမှ ၂၀၀ ဦး အထိ စုပြုံထားရှိပြီး ထောင်ဝတ်စုံများကိုလည်း လုံလောက်စွာ မပေး၍ အကျဉ်းသားများ အရေပြား ရောဂါများ ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အိုးဘိုအကျဉ်းထောင်တွင် လက်ရှိချိန်၌ အကျဉ်းသူ/ အကျဉ်းသားများသည် တစ်ဦးနှင့် တစ်ဦး ထပ်လုနီးပါး အိပ်စက်နေရခြင်း၊ နွေရာသီတွင် အကျဉ်းသူ/ အကျဉ်းသားများ နေ၍ မရအောင် အပူဒဏ်ခံစားကြရသကဲ့သို့ မိုးရာသီတွင်လည်း အဝတ်အစားများ ခြောက်ဖို့ ခဲယဉ်းခြင်း၊ အဝတ်အထည် လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ယားနာများ ပေါက်ပွားလျက်ရှိကြောင်း သိရသည်။

“ပြင်ပကပို့သည့် အဝတ်အစားကိုဝတ်ဆင်ခွင့် ကန့်သတ်ခံထားရပြီးနောက်ပိုင်း ထောင်ကျအဝတ်အစားကိုပဲ အဓိကဝတ်ဆင်နေကြရတဲ့ ထောင်တွေမှာ ထောင်ကျအဝတ်အစားတစ်ဦးကို ၂ ထည်လောက်ပဲ ထောင်က ထုတ်ပေးပြီး အများဆုံး ၃ ထည်ပဲထုတ်ပေးပါတယ်။ အခုမိုးရာသီမှာ အဝတ်အစားတွေ မခြောက်တာကြောင့် စိုဖန့်ဖန့်အဝတ်တွေကိုသာ ဝတ်ဆက်နေကြရပါတယ်။ ဒါကြောင့်နောက်ဆက်တွဲ ပွေးဝဲယားနာတွေဖြစ်လာတာပါ။လက်ရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေဟာ ရှင်လျှက်နဲ့ သေလူတွေလို နေနေကြရပါတယ်။လူတစ်ယောက်ကို တစ်ပေနဲ့သုံး လက်မဝန်းကျင်နေရာလေးမှာ တစ်ညတာဘဝကို အိပ်ပျော်အောင်အိပ်ပြီး အဆင်ပြေအောင်နေ‌ထိုင်နေကြရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ထို့ပြင် နေရာကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသူတစ်ဦးနှင့် အခြားအမှုအကျဉ်းသူတစ်ဦး စကားများကြရာတွင်လည်း နိုင်ငံအရေးအကျဉ်းသူကို ထောင်အာဏာပိုင်များက တိုက်ပိတ်ခဲ့ခြင်း လုပ်ဆောင်ခဲ့ကြောင်း၊ အမျိုးသမီးဆောင်များတွင်လည်း နေရာမလုံလောက်မှုကြောင့် ကိုယ်ဝန်သည် အကျဉ်းသူများနှင့် ကလေးများတွင် အပူနာများ ၊ မိတ်ဖုများ စွဲကပ်ခံစားနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ကိုသိုက်က်ထွန်းဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article