25 C
Yangon

နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး၊ စစ်တပ် တပ်စွဲထားသော နေရာများကို မီးရှို့ရှင်းလင်း

Must read

နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး၊ စစ်တပ် တပ်စွဲထားသော နေရာများကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇွန် ၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး စစ်တပ် တပ်စွဲထားသော နေရာများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၅ နာရီ ၁၃ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူစောထီးကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် များဘက်မှလည်း လက်နက် error ဖြစ်ကာ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော နေအိမ်များကို မီးရှို့ ရှင်းလင်းခဲ့ပြီး ရာသီဥတု အခြေအနေကြောင့် ၎င်းတို့ တပ်စွဲထားသော နေအိမ် ၃ လုံးသာ မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရှိရသည်

“ပျဥ်ပုံရွာက ပျူစောထီးတွေနဲ့ စစ်ခွေးတွေတပ်ဆွဲထားကြတာ အရင်ကလည်း တော်လှန်ရေးအဖွဲ့တွေ လက်နက်ကြီးတွေ သွားပစ်ဖူးတာရှိတယ်။ စစ်တပ်ကို မထောက်ခံသူတွေဆို ရွာက မောင်းထုတ်တာမျိုးတွေ အရင်ကလည်းရှိတယ်။ အဲရွာက အရင်က ကြံ့ဖွတ်ရွာ ခုတော့ စစ်ခွေးတွေ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးရွာပေါ့။ ရွာလုံးကျွတ် ပျူစောထီးတွေ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပျဉ်ပုံရွာမှ ပျူစောထီးများသည် အင်အားချိနဲ့ နေသော အကြမ်းဖက် စစ်တပ်ကို အင်အားဖြည့်တင်း၍ ကျေးရွာများကို ကင်းပတ်ခြင်း၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် အကြမ်းဖက် စစ်တပ်မှ သင်တန်းပေး လက်နက်များ တပ်ဆင်ပေးထားခြင်း၊ ကျေးရွာအတွင်း နေထိုင်သည့် လူငယ်များကို အတင်း အဓမ္မ ပျူစာထီးအဖွဲ့ဝင်စေ၍ ပြည်သူ့စစ်သင်တန်းများတက်ခိုင်းခြင်း အနီးပတ်ဝန်းကျင်မှ ကျေးရွာ များကို ပျူစောထီးအဖွဲ့ဝင်ရန် စည်းရုံး ရုံးခြင်း၊ အရပ်သားပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးငွေ တောင်းခြင်း စားဝတ်နေရေး ခက်ခဲသည့်အတွက် ညအချိန်တွင် ငါးရှာ၊ ဖားရှာ ထွက်သည့် ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များက သတိပေးသည့်အနေဖြင့် ပစ်မှတ်ထားတိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ (Phoenix DF) တပ်ခွဲ ၃ (နတ်စစ်သည်)၊ တပ်ခွဲ ၄ (BRA) နှင့် ဧရာညီနောင် စစ်ကြောင်းတို့က ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာယာဝတီခရိုင် PDF သည် ပြည်သူ့ကာကွယ်ရေး တပ်မတော် ဖြစ်သည့်အတွက် ပြည်သူများကို အကာအကွယ်ပေး၍ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ထွန်းလာသည်အထိ တိုက်ပွဲဝင်ကာ မတရားစစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အကြမ်းဖက် စစ်တပ်နှင့် စစ်တပ်ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article