25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ပြည်တွင်းမှာ စစ်တပ်က သတ်မှတ်ထားတဲ့ ရွှေတစ်ကျပ်သားကို ငွေကျပ် ၄၈ သိန်းဝန်းကျင် ဈေးနှုန်းနဲ့ပဲ ရွှေဆိုင်တွေက လူတစ်ဦးကို ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း ရောင်းချပေးနေရပြီး ၊ လက်ရှိဈေးကွက်ထဲမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ၅၃ သိန်းဝန်ကျင်ရှိနေတယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။
  • မန္တလေးတိုင်းက နွားထိုးကြီး-မြင်းခြံ မြို့နယ် အစပ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၃ ဦး သေသွားတဲ့အပြင် ၊ ၅ ဦးကို အရှင်ဖမ်းမိထားပြီး ၊ သေနတ် ၁၃ လက်နဲ့ အလောင်းတွေပါ ရရှိထားတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မြန်မာပြည်သူတစ်ရပ်လုံးက အသိအမှတ်ပြု လိုလားတဲ့ သူကိုသာလျှင် အာရက္ခတပ်တော်-AA က အစိုးရအဖြစ် ဆက်ဆံသွားမှာဖြစ်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article