26 C
Yangon

နွားထိုးကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဖောင်ချဉ်းရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေ

Must read

နွားထိုးကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဖောင်ချဉ်းရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇွန် ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဖောင်ချဉ်းရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ဖောင်ချဉ်းရွာ ထပ်မံ မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ ဆူဖြူကုန်းရွာမှာ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်စဉ် အသေးစိတ်တော့ မသိရသေးဘူး။ ဖောင်ချဉ်းရွာကိုလည်း စစ်ခွေးတွေ မီးထပ်ရှို့နေတယ် မနက်တည်းကရှို့နေတာ အခုချိန်ထိပဲ ရွာကတော့ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လိုက်လံတိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နဘူးတောတောင်ရွာ၊ နဘူးတောမြောက်ရွာ၊ ဖောင်ချင်းရွာနှင့် အကျည်းကုန်းကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသာ ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article