26 C
Yangon

VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေပြီး မကြာမီ အတည်ပြု ကြေညာရန်ရှိနေ

Must read

VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေပြီး မကြာမီ အတည်ပြု ကြေညာရန်ရှိနေ

ရန်ကုန်၊ ဇွန် ၉

အကြမ်းဖက်စစ်ကောင်စီက VPN အသုံးပြုသူများကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိချမှတ်နိုင်သော ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး မကြာမီ အတည်ပြု ကြေညာရန် ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၃၀ ရက်နေ့မှစတင်ပြီး VPN များကို အသုံးမပြုနိုင်ရန် Secure Web Gateway ဖြင့် ပိတ်ပင်လိုက်ကြောင်း၊ သို့ရာတွင် VPN များအားလုံးကို မပိတ်နိုင်ဘဲ ပြည်သူများက Facebook ကို ဆက် လက် အသုံးပြုနေကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲပြီး VPN များအသုံးပြုလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိလည်းကောင်း၊ ငွေဒဏ်ကိုလည်းကောင်း ချမှတ်နိုင်သော ဥပဒေကို မကြာမီအတည်ပြုကြေညာရန် ရှိနေကြောင်း သိရှိရသည်။

” Secure Web Gatewayနဲ့ VPN တွေ ပိတ်ပင်ပေမယ့်လည်း ပြည်သူတွေက Facebook ဆက်သုံးနေတုန်းပဲလေ။ အဲဒါကို ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်း ထုတ်ပြီး ထပ်ပြီး အရေးယူဖို့ လုပ်နေတယ်။ ဖေ့ဘုတ်စ်ကို ခိုးသုံးရမယ့် အခြေအနေ ဖြစ်လာတော့မယ်။ VPN ပိတ်လိုက်တော့ Facebook Live Sale တွေ တအားကျသွားပြီးတော့ ပြည်သူတွေ ဒုက္ခရောက်ကြတယ်။ စီးပွားရေးတွေလည်း လုပ်မရတော့တာမျိုးတွေ ဖြစ်နေတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံမတည်မငြိမ် ဖြစ်နေမှုသည် Facebook ကြောင့်ဟုဆိုကာ ပိတ်ပင်ရန် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article