25 C
Yangon

လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က လူအင်အားဖြည့်တင်းနေပြီး စစ်ကြောင်း လှုပ်ရှားမှု မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ

Must read

လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က လူအင်အားဖြည့်တင်းနေပြီး စစ်ကြောင်း လှုပ်ရှားမှု မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ

ရန်ကုန်၊ ဇွန် ၁၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က လူအင်အားဖြည့်တင်းနေပြီး စစ်ကြောင်း လှုပ်ရှားမှု မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း KA စစ်ရေးချုပ်ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ဒုတိယပတ်မှစ၍ ရှမ်းပြည်နယ် ဆီဆိုင်မြို့မှတဆင့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ထဲသို့ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းမှုများ ရှိခဲ့ပြီး လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်ဖြန့် ကျက်နေရာယူထားပြီး အင်အားဖြည့်တင်းခြင်းဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က ခေါ်ယူ အင်အား ဖြည့်တင်းသည့် အကြမ်းဖက် စစ်သားများသည် ရှမ်းပြည်နယ် အရှေ့ မိုင်းပါ အခြေစိုက်တပ်ရင်းမှ တပ်သားများ၊ စကခ လက်အောက်ခံ တပ်ရင်းမှ အချို့တပ်သားများနှင့် လက်ကျန် တပ်ရင်းများမှ တပ်သားများကို ထုတ်နှုတ်ကာ အင်အားဖြည့်တင်းခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

“၄၀၀၊ ၅၀၀ လောက်တော့ မရှိလောက်ဘူး။ တိုးလည်း ၁၀၀ ကျော် ၂၀၀ လောက်ပဲ။ ပစ်ခတ်တာလည်း မရှိသေးဘူး။ ကွက်ကြားကွက်ကြား လက်နက်ကြီး ပစ်ခတ်တာတော့ရှိတယ်။ ဒီနေ့ ဒီအချိန်အထိတော့ ထူး ထူးခြားခြားတော့ မရှိသေးဘူး။ ဆီဆိုင်ဘက်ကလာတော့ ပြောတော့ပြောကြတယ်။ အင်အား ၅၀၀ လောက်ကတော့ မရှိလောက်ဘူးထင်တယ်။ သူတို့လူတွေကို ဘယ်ကနေသွားယူလာလဲတော့ မသိဘူး။ ကျွန်တော်ထင်တာက ရှမ်းပြည်အရှေ့ပိုင်းတိုင်း မိုင်းပါက တပ်တစ်ချို့ပါမယ်။ စကခ ၁၇ လက် အောက်က တပ်တစ်ချို့ပါမလားတွက်မိတယ်လေ၊ ဘာလို့ဆိုရင် ရှမ်းပြည်တောင်ပိုင်းမှာက စစ်ရေး လှုပ်ရှားမှုက မရှိဘူး။ အဲဒီတပ်ရင်းတွေက ထုတ်နှုတ်မလား၊ တခြားလက်ကျန်တပ်ရင်း တွေက လူ တွေတစ်ချို့ပါမလားတွက်ထားတယ်လေ။အင်အားကတော့ အတိအကျ မသိရသေးဘူး။ အင်အားက တိုးတော့ တိုးတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိသေးဘူး” ဟု KA စစ်ရေးချုပ်ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၉ ရက် နံနက်က လွိုင်ကော်မြို့စက်မှုဇုန်မှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲ မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDFနှင့် ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၃)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခဲ့ကြောင်း၊ ထို့ပြင် မိုးဗြဲမြို့ အခြေ စိုက်ခလရ ၄၂၂ တပ်ရင်းမှ စစ်သားများလည်း မိုးဗြဲမြို့ထဲသို့ စစ်ကြောင်းထိုးဝင်ရောက်မှုရှိခဲ့ကြောင်း၊ ယခုအခါအကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြောင်း သိ ရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article