25 C
Yangon

သံဖြူဇရပ် – မုဒုံ လမ်းပိုင်းရှိ ရောင်ဒေါင်းရွာ အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

သံဖြူဇရပ် – မုဒုံ လမ်းပိုင်းရှိ ရောင်ဒေါင်းရွာ အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ် – မုဒုံ လမ်းပိုင်းရှိ ရောင်ဒေါင်းရွာ အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ – AD အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သံဖြူဇရပ် – မုဒုံ ကားလမ်းပိုင်းရှိ ရောင်ဒေါင်းရွာအနီးတွင် အကြမ်းဖက် စစ်ကား ၁ စီးကို မွန်ပြည်သစ်ပါတီ – AD က ဝင်ရောက် ပစ်ခတ် တိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

“သံဖြူဇရပ်-မုဒုံကားလမ်း ရောင်ဒေါင်းရွာအနားမှာ စကစ ကားတစ်စီးကို ကျွန်တော်တို့ အေဒီတပ်ဖွဲ့ဝင်တွေက ဝင်ပစ်တော့ ၃ ယောက်သေ ၃ ယောက်ဒဏ်ရာရ၊ လက်နက်တစ်နက် သိမ်းဆည်းရမိပါတယ်”ဟု မွန်ပြည်သစ်ပါတီ – AD အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article