25 C
Yangon

ဝေါနှင့် ကျိုက်ထိုရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဝေါနှင့် ကျိုက်ထိုရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၀

ပဲခူးတိုင်း ဝေါမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် သပြေကန် စစ်ဆေးရေးဂိတ် နှင့် မုပ္ပလင် စစ်ဆေးရေးဂိတ်အနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ညီနောင် ERO များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ က ပြင်းအားမြင့် ဗုံးသီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အကျအဆုံးတော့ မသိရှိရသေးပါဘူး။ တိုက်ခိုက်မှုအပြီး စစ်ခွေးတွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကားတိုးဂိတ်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ မှ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၉ ရက်နေ့ကလည်း အထက် အင်္ဂဘိုရွာအနီးရှိ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ညီနောင် EROများနှင့်အတ် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article