25 C
Yangon

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ အီနာဂါများဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြိုင်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ အီနာဂါများဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြိုင်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ အီနာဂါများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BLACK EAGLE FORCES (Thongwa) PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မရမ်းချောင် စစ်ဆေးရေးဂိတ်ကို BLACK EAGLE FORCES (Thongwa) PDF က ၄၀ မမ ဗုံးသီး ၃ လုံး၊ အီနာဂါ ဗုံးသီး ၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ၄ ကြိမ် ပြန်လည် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” စစ်တပ်က ထိခိုက်မှုရှိလို့ လက်နက်ကြီးနဲ့ ၄ ကြိမ် ပြန်လည် ပစ်ခတ်ခဲ့တယ်။ တော်လှန်ရေး ရဲဘော်များတွေကတော့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်တပ်ဘက်က ထိခိုက်သူ အတိအကျကိုတော့ ဆက်လက် စုံစမ်းနေတုန်းပဲ” ဟု BLACK EAGLE FORCES (Thongwa) PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

BLACK EAGLE FORCES (Thongwa) PDF တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှ င့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် အမြဲအဆင်သင့်ဖြစ်နေကြောင်း BLACK EAGLE FORCES (Thongwa) PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာအနီးတွင် မိုင်းရှင်းရန် ထွက်လာသော ရဲနှင့် ပျူ စောထီး များကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၈ နာရီ ၃၄ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ မိုင်းရှင်းလင်းရန် ထွက်လာသောရဲ နှင့် ပျူစောထီး ၆ ဦးကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ကန်နီပျူစောထီးကျေးရွာမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး ရဲနှင့် ပျူ စောထီးများမှာ ရွာထဲသို့ ပြန်ဆုတ်ပြေးသွားကြောင်း၊ ထို့ပြင် ကန်နီပျူစောထီးကျေးရွာ အတွင်းနေ ထိုင်သူ ပြည်သူတစ်ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း ၊ အမှတ် ၆ တပ်ရင်း နှင့် အမှတ် ၇ တပ်ရင်းမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article