ဒီကနေ့ ဇွန် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက်စစ်အုပ်စုနဲ့ တွဲဖက်ပြီး သတ္တုတွင်း လုပ်ငန်းနဲ့ ရေကာတာစီမံကိန်းတွေ လုပ်ကိုင်နေတယ်လို့ Justice For Myanmar က အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။
- ပြည်တွင်းမှာ ရွှေဈေး နိမ့်ပြီး ဈေးကွက်ပျက်နေတာကြောင့် ပြည်တွင်းရွှေတွေဟာ အိမ်နီးချင်းနိုင်ငံဈေး ကွက်တွေကို စီးဆင်းဖို့ ရှိနေတယ်လို့ ရန်ကုန်ရွှေကုန်သည်တစ်ဦးကပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖိအားပေးခြိမ်းခြောက်ခံနေရတာကြောင့် သောင်းနဲ့ချီတဲ့ပြည်သူတွေ ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar