25 C
Yangon

ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများရှိပြီး လိုင်းခန်းများလည်း ထိခိုက်ပျက်စီ

Must read

ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများရှိပြီး လိုင်းခန်းများလည်း ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇွန် ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများရှိပြီး လိုင်းခန်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့တွင် ယင်းမာပင်မြို့နယ် အတွင်းရှိ အမှတ်-၂၈ ရဲတပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက တာဝေးပစ် လက်နှက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း လက်နက်ကြီးကျည်များသည် အမှတ်-၂၈ ရဲတပ်ရင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်ရင်းအတွင်းရှိ လူပျိုဆောင် လိုင်းခန်းများ ပျက်စီးမှုများပြီးကာ ရဲတပ်သားများ ထိခိုက် ဒဏ်ရာရရှိမှု ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ အဖွဲ့ဝင်များဖြစ်သော Fighter Brotherhood Guerrilla Army-FBGA နှင့် Regional Friend Fighters- RFF အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article