25 C
Yangon

ပေါက်တောမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

ပေါက်တောမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီနှင့် ၉ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်က ပေါက်တောမြို့နယ်၊ မြို့ပေါ် ရပ်ကွက် ၁ ၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိ ကျေးရွာနှင့် လက်ပံပြားကျေးရွာ တို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဒရုန်းများဖြင့်လည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဗုံးသီး ၁၃ ကြိမ်ထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ကြောင့် ဒေသ ပြည်သူ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူ ပြည်သူ ၁၀ ဦးမှာ ပေါက်တောမြို့ ရပ်ကွက် ၁ မှ ဦးညီညီအောင် အသက် ၃၇ နှစ် ၊ ဦးနေဝင်း အသက် ၃၈ နှစ် ၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ အသက် ၃၈ နှစ် ၊ ‌ဒေါ်အေးကျော့စိန် အသက် ၅၃ နှစ် ၊ ဦးအောင်ကျော်စိုး အသက် ၄၅ နှစ် ၊ ပေါက်တောမြိုနယ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း အသက် ၁၆ နှစ်၊ ဒေါ်နုအေး အသက် ၃၀ နှစ်၊ ဒေါ်ဇနီးမယ် အသက် ၅၀ နှစ်၊ ဒေါ်ဦးမေသန်း အသက် ၅၇ နှစ် နှင့် ဦးလှမောင်သန်း အသက် ၂၈ နှစ် တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဦးညီညီအောင်သည် ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

ရခိုင်ဒေသ တိုက်ပွဲများ အတွင်း စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ မိုက်ရူးရဲဆန်နေသည့် အကြမ်းဖက် စစ်ကောင်စီသည် ရခိုင် တပ်တော် ထိန်းချုပ်ထားရာ မြို့ ၊ ရပ်ရွာများနှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြိုနယ်များနှင့် အနီးအနား ကျေးရွာများရှိ အရပ်သား ပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သား ပြည်သူ သွားလာလှုပ်ရှားရာ နေရာများကို ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက် တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိကြောင်း ရခိုင်တပ်တော် AA က ပြောဆိုသည်။

အလားတူ ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက် ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများ ပြောဆိုမှုနှင့် AA ၏ ထုတ်ပြန်ချက် အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article