25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထိုင်းနိုင်ငံ မဲဆောက်မြို့က နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက် ဖျက်သိမ်းခိုင်းပြီး ၊ တရားဝင် လက်မှတ်နဲ့ နေထိုင်တဲ့ ထောက်/ပို့ တာဝန်ခံမြန်မာ၁ ဦးကို ထိုင်းတာဝန်ရှိသူက ခြေထောက်နဲ့ကန်ခဲ့တယ်လို့ နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦးနိုင် (ပဲခူး) က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ လဖိုင်နယ်ခြားစောင့်တပ်စခန်း နဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဘွမ်တောင် တပ်စခန်း အပါအဝင် စစ်တပ်စခန်း ၃ ခုကို KIA – PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဒီကနေ့ တစ်ရက်တည်းမှာပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ ILO ညီလာခံမှာ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG က တင်သွင်းတဲ့ အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးကို အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက် တင်မြှောက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article