25 C
Yangon

ရေဦးမြို့ပေါ်ရှိ စပါး ဒိုင်ကွင်းအဟောင်း၌ စခန်းချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဦးမြို့ပေါ်ရှိ စပါး ဒိုင်ကွင်းအဟောင်း၌ စခန်းချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်း၌ စခန်းတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း ရွှေဘိုခ ရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသော ရေဦးမြို့ ၊ စပါးဒိုင်ကွင်းအဟောင်း စစ်တပ်စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စပါးဒိုင်းကွင်းအဟောင်းမှာ တပ်စွဲထားတာက ကြာပြီ၊ အခုက ဘန်ကာတွေ ဘာတွေဆောက်ပြီး အင်အား တိုးထားတာ ၅၀ လောက်ရှိတဲ့အတွက် ဗုံးသွားချတာ၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေး ဘူး။ ကျနော်တို့ ချတာက ၁၀ လုံးသွားချတာ၊ ၂ လုံးတင်ထားတဲ့ ဒရုန်းက Error ဖြစ်ပြီး ပျက်ကျသွား တာပါ။ စစ်ခွေးဘက်က Jammer ကြောင့်တော့မဟုတ်ဘူး” ဟု ရွှေဘိုခ ရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သို့သော် လည်း Fixed Wing ဒရုန်းတစ်စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ကို မဆုတ်မနစ် တော်လှန် တိုက်ထုတ်နိုင်ရန် ကြိုးစားနေကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article