25 C
Yangon

ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၂

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ရွာကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ရွာကို အကြမ်းဖက် စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးထဲမှ ၂ ဦးသည် ဒဏ်ရာ ပြင်းထန်ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် နေအိမ် ၆ လုံးတို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ချင်းလက်မွန်ရွာကို စစ်ခွေးတွေက လေကြောင်းနဲ့ ဗုံးကျဲသွားတယ်။ ရွာသားတွေ အကုန်လုံးကတော့ တိမ်းရှောင်နေကြတယ်။ ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်။ ဒဏ်ရာအခြေ အနေ စိုးရိမ်ရသူတွေလည်းရှိတယ်။ စာသင်းကျောင်း နဲ့ နေအိမ် ၆ လုံးပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ချင်းလက်မွန်ရွာသည် နေအိမ် ၄၀ ခန့်သာရှိသော ကျေးရွာဖြစ်ပြီး လက်ရှိချိန်ထိ ဒေသပြည်သူများသည် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article