28 C
Yangon

ကန့်ဘလူရှိ ကျေးရွာ ၄ ခုထက်မနည်းကို ပိတ်ဆို့ကာ ပြည်သူ ၄၀ ထက်မနည်းကို ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်း

Must read

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ခုထက်မနည်းကို ပိတ်ဆို့ကာ ပြည်သူ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းစံပြရွာအနီးရှိ ခေါ် သန္တီရွာ၊ မိုးကြိုးရွာ၊ အုတ်ဖိုရွာ နှင့် အုန်းတော အစရှိသည့်ကျေးရွာများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ခဲ့ကြောင်း၊ အသက် ၃၀ နှစ် မှ အသက် ၄၀ နှစ်အရွယ် အကြားရှိ လူလတ်ပိုင်းများကို စစ်ထဲထည့်ရန် အတင်း အဓမ္မဝင်ရောက်ဝင်ရောက်ဖမ်းဆီးခဲ့ရာမှ လူဦးရေ ၄၀ ဦးထက် မနည်းဖမ်းဆီးခံရကြောင်း သိရှိရသည်။

“ဖမ်းမိတဲ့သူတွေကို ကန့်ဘလူဘက်ခေါ်သွားတာ။ ရွာကို ပိတ်ပြီး ဖမ်းတာ။ အင်အားကတော့ အားလုံး ၅၀ လောက်ရှိမယ်၊ ရွာတွေက သိပ်လည်းမကြီးတော့ ပိတ်ပြီး အတင်းအဓမ္မဖမ်းသွားတာ၊ တချို့မိဘတွေက လူချိန်းပြီး လိုက်သွားကြတာတွေရှိတယ်။တချို့လည်း ရွာထဲကနေ ထွက်ပြေးနေကြတယ်။ လူလတ်ပိုင်းတွေ ချည်းပဲ၊ ခေါ်သန္တီ ဆိုရင် ၁၄ ယောက်လောက်ပါတယ်။ မိုးကြိုးရွာက ၁၈ ယောက်လောက်ပါတယ်။ အနီးအနားက အုတ်ဖို၊ အုန်းတောရွာတွေလည်း ဝင်ဖမ်းတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပိတ်ဆို့ဖမ်းဆီးခံရသည့် ရွာများမှာ စစ်မှုမထမ်းမနေရ ဥပဒေ မပြဌာန်းမီ ပျူစောထီးဖွဲ့စည်းရန် အကြိမ်ကြိမ် ဖိအားပေးခံရသည့် ကျေးရွာများဖြစ်ပြီး လက်မခံဘဲ ငြင်းဆန်ကြသည့်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

“အဲဒီရွာတွေက ဦးဝါသဝက မကြာခဏ ဝင်ပြီး ပျူစောထီးစုတဲ့ရွာတွေပေါ့၊ ပျူစောထီး စုတာကို မလိုက်တော့ အခု စစ်တပ်နဲ့ဝင်ထိုးပြီး လူလတ်ပိုင်းတွေကို ဖမ်းတာပေါ့၊ အဲဒီရွာတွေဘက်လည်း အင်တာနက် ဖြတ်ခံ ထားရတယ်၊ တန့်ဆည်တို့ ကျွန်းလှတို့နဲ့နီးတဲ့ရွာတွေပေါ့၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆို သည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ခုနှစ် ဇွန်လပထမအပတ်အတွင်း၌ ကန့် ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ချောက်စောက်၊ သင်ပန်းတော၊ စန္ဒယား၊ တပေါင်၊ ရွှေပေါ် ကုန်း၊ ငှက်ပျောတော နှင့် ကျောင် အိုင်ရွာများမှ ဒေသနေ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ထွက်ပြေးသွားသူများ၏ နေအိမ် အလုံး ၂၀ နီးပါးကိုလည်း အကြမ်းဖက်စစ် သား၊ ပျူစောထီး များက ဖျက်ဆီး၍ သယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article