28.9 C
Yangon

ဝန်ထမ်းများကို လစာတိုးပေးခဲ့ကြသည့် Zaw Zaw Mobile ဖုန်းဆိုင်၊ Walking Brands ဒီဇိုင်းဆိုင်၊ ကော်ဖီဆိုင်၊ မီနီမတ်နှင့် ကုမ္ပဏီ ရုံးခန်းများကို စစ်ကောင်စီက ချိတ်ပိတ် ၊ ပိုင်ရှင်နှင့်လုပ်ငန်းရှင်များကို ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူ

Must read

ရန်ကုန်၊ ဇွန် ၁၃

ပြည်တွင်းတွင် ကျပ်တည်းလာသော စီးပွားရေး အခြေအနေများအရ ပုဂ္ဂလိက ဝန်ထမ်းများကို လစာတိုးမြှင့်ပေးခဲ့ကြသည့် ဖုန်းဆိုင်၊ ဒီဇိုင်းဆိုင်၊ မီနီမတ်၊ ကော်ဖီဆိုင်နှင့် ကုမ္ပဏီရုံးခန်းများကို စစ်ကောင်စီက လိုက်လံ ချိတ်ပိတ်နေသည်မှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“Zaw Zaw Mobile ဆိုင် ချိတ်ပိတ်ခံရတယ်။ Walking Brand Design Agency ဆိုင် ချိတ်ပိတ်ပါတယ်။ နောက်တစ်ခါ ကော်ဖီဆိုင်တစ်ခုပါတယ်။ မီနီမတ်တစ်ခုပါတယ်။ ကုမ္ပဏီရုံးခန်း တစ်ခုပါတယ်။ စုစုပေါင်း လော လောဆယ် ချိတ်ပိတ်ပြီးတာ ဆိုင် ၃ ဆိုင်၊ မီနီမိတ်တစ်ခုနဲ့ ကုမ္ပဏီ ရုံးတစ်ခုပါ။ ပိုင်ရှင်တွေကတော့ စစ်ဆေးရေး လုပ်နေဆဲဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ပုဂ္ဂလိကဝန်ထမ်းများကို လစာတိုးမြှင့်ပေးခဲ့ကြသည့် လုပ်ငန်းရှင်နှင့် ဆိုင်ပိုင်ရှင်များကို နိုင်ငံတော်အကြည်ညိုပျင်္ကစေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားပြီး ပုဒ်မများ ထပ်မံ တိုးလာမည်ဖြစ်ကြောင်း သိရှိရသည်။

မေလနှောင်းပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းခဲ့သည့် အတွက် ကုန်စျေးနှုန်းများ မြင့်တက်ပြီး ဝန်ထမ်းများ လစာဖြင့် မလောက်ငှမည်ကို စိုးရိမ်ကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ၎င်းတို့၏ ဝန်ထမ်းများ အတွက် လစာများ တိုးမြှင့်ပေးခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် ရုံးတွင်း အမိန့် စာကိုလည်း လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော် ပြ မှုသည် နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ လက်ရှိ စစ်ကောင်စီကို Non-CDM ဝန်ထမ်းများက လစာမတိုးပေးမှုဖြင့် အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများ လစာတိုးမြှင့်သည်ဟု လူမှုကွန်ရက်တွင် ရုံးတွင်း အမိန့်စာ များ ဖော်ပြခဲ့ကြသည့် ကုမ္ပဏီပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို ဖမ်းဆီး အမှုဖွင့်ထားကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းလစာတိုးသည့် ရုံးတွင်း အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော်ပြခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ကျပ်ငွေတန်ဖိုးထိုးကျပြီး တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ဝိသမ စီးပွားရေးသမားများက လုပ်ဆောင်နေသည်ဟုဆိုကာ ရွှေလုပ်ငန်းရှင်များ၊ ဒေါ်လာဝယ်ရောင်းများ၊ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူသူများ အပါအဝင် စီးပွားရေးသမားများကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ နေအိမ်ကို ချိတ်ပိတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ နေအိမ်ကို ချိတ်ပိတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article