26 C
Yangon

လွန်ခဲ့သော ၁၅ နှစ်ကာလ ဆင်းရဲမွဲတေမှု အခြေအနေဆီ မြန်မာနိုင်ငံ ပြန်သွားနေဟု ကုလသမဂ္ဂသတိပေး

Must read

ပြည်သူ ၁၈ ဒသမ ၆ သန်းကျော် အကူအညီများလိုအပ်နေပြီး ကလေး ၆ သန်းမှာလည်း ဒုက္ခများကြုံနေရ

ရန်ကုန်၊ ဇွန် ၁၄

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ ပြည်သူ ၁၈ ဒသမ ၆ သန်းကျော်မှာ အကူ အညီများလိုအပ်နေပြီး ကလေး ၆ သန်းမှာလည်း အခက် အခဲ ဒုက္ခများကြုံနေရကြောင်း ကုလသမဂ္ဂ UNOCHAက သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုမှ သုံးနှစ်အကြာ ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူ လူဦးရေ ၁၈ ဒသမ ၆ သန်းရှိကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး ပြတ်တောက်မှု၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့တဲ့မှု၊ အတင်းအကျပ် စစ်သား စုဆောင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာဒုက္ခများကြောင့် ကလေး ၆ သန်းသည် အကျပ်အတည်း၏ ဒဏ်ကို ခံစားနေရကြောင်း သိရှိရသည်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေက မိသားစုများကို ငွေကြေးအကျပ် အတည်းများ တိုးလာစေပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှု ကန့်သတ်ချက်များလည်း တိုးလာနေကြောင်း၊ လယ်ယာစိုက်ပျိုးရေး အခက် အခဲများ၊ ငွေကြေးဖောင်းပွမှု အရှိန်အဟုန်ဖြင့် ပြည်သူများ စားနပ်ရိက္ခာ လုံလောက်စွာရရှိရန် ခက်ခဲလာကြောင်း၊ အာဟာရချို့တဲ့ခြင်းများလည်း မြင့်တက်လာစေပြီး ကျန်းမာရေးစနစ်လည်း အကျပ် အတည်းဖြစ်နေကြောင်း၊ လူဦးရေ ၂ ဒသမ ၆ သန်း အိုး အိမ်စွန့်ခွာ ထွက်ပြေးနေရပြီး သန်းနှင့်ချီသော လူများသည် အမိုးအကာ မရှိခြင်း၊ သောက်သုံးရေမရှိကြခြင်းများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အမျိုးသမီးများ၊ မိန်းကလေးများ၊ မသန်စွမ်းသူများနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ သည် လက်ရှိ အခြေအနေများကြောင့် ထိခိုက်မှုအများဆုံးသူများထဲတွင် ပါဝင်နေပြီး ဆင်းရဲမွဲတေမှုဆိုင်ရာ ခြိမ်းခြောက်မှု လွန်ကဲစွာ ရင်ဆိုင်နေရကြောင်း၊ ယခု ၁၅ နှစ်တာ ကာလအတွင်း မကြုံစဖူးသည့် အဆင့်သို့ ပြန်လည်ရောက်ရှိနေရကြောင်း ကုလသမဂ္ဂ UNOCHAကသတိပေးထားသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးနေရသည့် ပြည်သူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးနေရသည့် ပြည်သူများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article