24 C
Yangon

ရေဖြူနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် ကင်းပုန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရေဖြူနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် ကင်းပုန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှူး အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာ အတွင်း စစ်ကြောင်းထိုးပြီး ယာယီစခန်းချနေထိုင်သော အကြမ်းဖက် စစ်သားများကို ပြည်သူကာကွယ်ရေး တပ်မတော် ပူးပေါင်း တပ်ဖွဲ့က Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၁ ဦးနှင့် ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒရုန်းချတာကတော့ ၁၁ ရက်နေ့ပေါ့၊ သူတို့စခန်းချတဲ့နေရာကို ကျနော်တို့က အတိအကျ သိတယ်၊ အဲဒါကြောင့်မို့လို့ ဒရုန်းနဲ့ချတဲ့အခါမှာ စစ်ကြောင်းမှူးအပါအဝင် ရဲဘော် ၃ ဦး စုစုပေါင်း ၄ ဦးပေါ့ ဒဏ်ရာရတယ်၊ စစ်ကြောင်းမှူးကတော့ စစ်ကြောင်းမှူးကတော့ ဒဏ်ရာနည်းနည်းများတယ်လို့ သိရ တယ်ဗျ။ စစ်ကြောင်းမှူး ဒဏ်ရာရတော့ ပြန်ဆုတ်သွားပြီ၊ရာဖူးရွာထဲမှာလည်း မရှိတာ့ဘူး။ ပြန်ဆုတ် သွားတဲ့အချိန်မှာ နေအိမ်ထဲက ပစ္စည်းတွေဖောက်ယူသွားတယ်လို့ သိရတယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံဿို့ ပြောကြားသည်။

ထို့အပြင် ဇွန်လ ၁၃ ရက်နေ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အလယ်စခန်းကျေးရွာကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး အမှတ် ၈ လမ်းမ ကြီးပေါ်သွားလာ ဖြတ်သန်းနေသော ကားများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“နယ်မြေရှင်းလင်းရေးလုပ်တာကတော့ အလယ်စခန်းကျေးရွာမှာပေါ့၊ အလယ်စခန်းမှာတော့ သူတို့ မရှိဘူး၊ အလယ်စခန်းမှာတော့ စစ်ခွေးတွေ မနေရဲဘူး” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များဖြစ် သည့် မွန်ပြည်ကာကွယ်ရေးတပ် – MSRF ၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ – AD ၊ အထူးဒရုန်းတပ်ဖွဲ့ – Saw Dragon Drone Force ၊ ရေးဒရုန်းတပ်ဖွဲ့ – Y.A.F နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် – D.N.L.A တို့က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Black Eagle Forces (Thongwa PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ်ပင် ကျေးရွာနှင့် နံ့ရံကုန်းကျေးရွာ အတွင်း ကင်းပုန်းထိုးလာသော အင်အား ၆ဝ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်‌ရေး တပ်ဖွဲ့များက ၄ဝ မမ ဗုံးသီး ၆ လုံး၊

အီနာဂါ ဗုံးသီး ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း Black Eagle Forces (Thongwa PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Forces (Thongwa PDF) နှင့် Bahan’s Guerrilla Force (BPDF) တို့က လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်အာဏာရှင် စနစ်ကျရှုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်နေမည် ဖြစ်ကြောင်း Black Eagle Forces (Thongwa PDF) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article